အင်ဒိုနီးရှားအနောက်ပိုင်းတွင် ရေကြီး၊မြေပြိုမှုကြောင့် ၂၄ ဦးသေ ၊ ၂၆ ဦးပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်း မြောက်ပိုင်း၌ ၂ဝ၁၆ ခုနှစ် မေလ က ရေကြီးမှုဖြစ်ပွားရာတွင် ကယ်ဆယ်ရေးအဖွဲ့ အားတွေ့ ရစဉ် (ဆင်ဟွာ)
    ဂျကာတာ ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျားဗားပြည်နယ်တွင် ရေကြီး၊မြေပြိုမှုကြောင့် အနည်းဆုံး လူပေါင်း ၂၄ ဦးသေဆုံးပြီး ၂၆ ဦး ပျောက်ဆုံးနေကြောင်း အင်ဒိုနီးရှားနိုင်ငံသဘာဝဘေး အန္တရာယ်စီမံခန့် ခွဲရေးအေဂျင်စီက ဇွန်၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

သေဆုံးသူအများစုသည် Purworejo၊ Banjarnegara ၊ Kebumen  နှင့် Sutopo Purwo Nugroho ခရိုင်အသီးသီးမှ ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးစီမံခန့် ခွဲရေးအေဂျင်စီ ကဆိုသည်။

ထို့ ပြင် ရေကြီးမြေပြိုမှုကြောင့် လူနေအိမ် ဒါဇင်ပေါင်းများစွာလည်း ပျက်စီးသွားခဲ့ကြောင်း ၄င်းက ဖြည့်စွက်ပြောကြားသည်။

(Xinhua)
http://www.xinhuamyanmar.com
အင်ဒိုနီးရှားအနောက်ပိုင်းတွင် ရေကြီး၊မြေပြိုမှုကြောင့် ၂၄ ဦးသေ ၊ ၂၆ ဦးပျောက်ဆုံးနေ  အင်ဒိုနီးရှားအနောက်ပိုင်းတွင် ရေကြီး၊မြေပြိုမှုကြောင့် ၂၄ ဦးသေ ၊ ၂၆ ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 20:16 Rating: 5
Powered by Blogger.