စစ်တွေမှ ဘူးသီးတောင်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများအား ဖမ်းမိ


June 27. DNJ

စစ်တွေမြို့မှ ဘူးသီးတောင်သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများအား စစ်တွေမြို့ အမှတ် (၂) ဘုတ်ဆိပ်ဝင်းတွင် ဇွန်လ (၂၇)ရက်နေ့ ညနေ ၃ နာရီကျော်အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကာလတန်ဖိုးအားဖြင့် ၁ ပြားကို ၃ ထောင်ခန့်ရှိသော WY မူးယစ်ဆေးပြား ၇ သိန်း ၉ သောင်းကျော်ခန့်အား စစ်တွေမြို့ ကျေးပင်တန်းရပ်ကွက်မှ ကျော်သူလင်း(၂၄ နှစ်)က ဘူးသီးတောင်သို့ ပို့ဆောင်ရန် စီစဉ်နေခြင်းဖြစ်ပြီး၊ ၄င်းအားလည်း ရန်ကုန်မြို့ တောင်ဥက္ကလာပတွင် နေထိုင်သူ ကိုအောင်မြင့်ဆိုသူက အဖိုးအခပေးကာ ဘူးသီးတောင်သို့ ပို့ဆောင်ပေးရန် ဖုန်းဖြင့် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဖမ်းဆီးရမိပုံအား မူးယစ်တပ်ဖွဲ့စု - ၄၇ (စစ်တွေ) မှ တပ်ကြပ်ကြီး ခင်သန်းက " ကျနော်တို့ မူးယစ်အဖွဲ့ကနေပြီးတော့ ဆိပ်ကမ်းတွေမှာ အဝင်အထွက်ပစ္စည်းတွေကို အမြဲ စောင့်ကြည့်နေပါတယ်။ ကျနော်တို့က သတင်းအချက်များအရ ပစ္စည်းတွေကို မသင်္ကာလို့ ဖွင့်ကြည့်တဲ့အခါ ကျနော်တို့နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို တွေ့ရတာပါ ။ ကျနော်တို့အနေနဲ့တော့ ပစ္စည်းပိုင်ရှင်နဲ့ ပစ္စည်းကို လက်ခံမယ့်သူတွေကို ဖော်ထုတ်သွားပါမယ်။ " ဟု ဆိုသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးပို့ဆောင်ရန် စီစဉ်နေသူအား စစ်တွေမြို့အမှတ် (၂) ရဲစခန်းတွင် ဖမ်းဆီးထားပြီး အမှုဖွင့်ဆောင်ရွက်ကာ တရားခံအစစ်အမှန်များအား ဖော်ထုတ်သွားမည်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးအရေအတွက်များကိုမူ ရေတွက်နေဆဲဖြစ်ကြောင်း သိရသည်။

Development Media Group
https://www.facebook.com/DevelopmentNJ
စစ်တွေမှ ဘူးသီးတောင်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများအား ဖမ်းမိ စစ်တွေမှ ဘူးသီးတောင်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများအား ဖမ်းမိ Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.