ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် အားကစားရွာသို့ သွားရောက်ကြည့်ရှု


နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းသွင်းလေ့ကျင့်ထားသည့် အား/ကာ သိပ္ပံတက္ကသိုလ် အားကစားသမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ထားရှိမှု အခြေအနေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ သွားရောက်ကြည့်ရှုခဲ့သည်။


ထိုသို့ သွားရောက်လေ့လာစဉ် ဒေါ်အောင်ဆန်းစုကြည်က “အားကစားသမားတွေအနေနဲ့ ငွေကြေးဆုလာဘ်တွေကို မျှော်ကိုးပြီးတော့ မကစားဘဲ ၀ါသနာကို အရင်းခံပြီးတော့သာ အောင်မြင်မှုရဖို့အတွက် ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။”ဟု ပြောကြားခဲ့သည်။

ယင်းအပြင်“အားကစားသမားတွေဟာ မိမိနိုင်ငံမှာပဲ ယှဉ်ပြိုင်ရမှာ မဟုတ်တဲ့အတွက် အခြားနိုင်ငံကို သွားရောက်ယှဉ်ပြိုင်တဲ့အခါမှာ အားကစားပရိသတ်မရှိလည်း အကောင်းဆုံးယှဉ်ပြိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် ပြိုင်ပွဲတွေကို သွားရောက်ယှဉ်ပြိုင်မယ်ဆိုရင်လဲ ပြိုင်ပွဲတွင်း စိတ်ဓါတ်တည်ငြိမ်နေဖို့လိုပြီး တည်ငြိမ်ရင့်ကျက်မှုမရှိရင် လေ့ကျင့်ထားသမျှ အလကားဖြစ်သွားမယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် အားကစားရွာသို့ သွားရောက်ကြည့်ရှု  ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် အားကစားရွာသို့ သွားရောက်ကြည့်ရှု Reviewed by THITHTOOLWIN on 22:35 Rating: 5
Powered by Blogger.