အီဂျစ်နိုင်ငံမှာ အစိုးရစစ်စာမေးပွဲ မေးခွန်းလွှာပေါက်ကြားမှုကြောင့် အီဂျစ်သမ္မတ အယ်လ်စစ်စီက ပြန်လည်တောင်းပန်ခဲ့


အီဂျစ်နိုင်ငံမှာ အစိုးရစစ်စာမေးပွဲ မေးခွန်းလွှာပေါက်ကြားမှုကြောင့် အီဂျစ်သမ္မတ အယ်လ်စစ်စီက ပြန်လည်တောင်းပန်ခဲ့တယ်လို့ အေပီသတင်းမှာဖော်ပြထားပါတယ် ။

 မေးခွန်းလွာပေါက်ကြား မှုကြောင့် နောက်တစ်ကြိမ်ပြန်လည်ဖြေဆိုဖို့ ပညာရေးဝန်ကြီးဌာနရဲ့ဆုံးဖြတ်ချက်ကို ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေအပေါ် သမ္မတ အယ်လ်စီစီက ဗုဒ္ဒဟူးနေက မှတ်ချက်ပေးခဲ့ပါတယ်။

သူ့အနေနဲ့ အခုလို ဖြစ်ပျက်ခဲ့တဲ့အတွက် နာကျဉ်ခံစားခဲ့ရပြီး ဒါမျိုးနောက်တစ်ကြိမ် ထပ်ဖြစ်မှာမဟုတ်ဘူး လို့ပြောဆို ခဲ့ပါတယ်။


သူပြောဆိုခဲ့တဲ့အချိန်ဟာ ကိုင်ရိုမြို့အတွင်း ဒေသခံတွေ ရာမန်ဒန်ဥပုသ်အထွက် ညစာစားဖို့ စုဝေးနေကြတဲ့အချိန်မှာ ပြောဆိုခဲ့တာလို့သိရပါတယ်။

စာမေးပွဲအဖြေလွှာတွေဟာ စာမေးပွဲမဖြေခင်နာရီပိုင်းအလိုမှာ ပေါက်ကြားခဲ့ တာဖြစ်ပြီး အဲဒီလိုပေါက်ကြားခဲ့တဲ့အကြောင်းအရာကို အမည်မသိပုဂ္ဂိုလ်တစ်ဦးက အွန်လိုင်းကနေ ဖြန့်ဝေခဲ့ တာလို့ သိရပါတယ်။


အဲဒီလို ဖြန့်ဝေခဲ့တဲ့သူဟာ အီဂျစ်နိုင်ငံပညာရေးဝန်ကြီးဌာန ရဲ့စွမ်းဆောင်ရည်ညံ့ဖျင်းမှုနဲ့ အကျင့်ပျက်ချစားမှုတွေအပေါ်အရှက်ရစေလိုတဲ့ ဆန္ဒနဲ့လူသိများအောင်လုပ်ခဲ့ တာဖြစ်တယ်လို့ဆိုပါတယ်။

 အီဂျစ်အထက်တန်းပညာကျောင်းတွေအတွက် ပညာရေးဝန်ကြီးဌာနရဲ့ မူဝါဒအရ အမှတ်အနည်းအများပေါ်မူ တည်ပြီး အဆင့်မြင့်တက္ကသိုလ်ဝင်ခွင့်တွေကို ခွဲခြားသတ်မှတ်ထားတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

5 Plus News
https://www.facebook.com/5plusnews/
အီဂျစ်နိုင်ငံမှာ အစိုးရစစ်စာမေးပွဲ မေးခွန်းလွှာပေါက်ကြားမှုကြောင့် အီဂျစ်သမ္မတ အယ်လ်စစ်စီက ပြန်လည်တောင်းပန်ခဲ့  အီဂျစ်နိုင်ငံမှာ အစိုးရစစ်စာမေးပွဲ မေးခွန်းလွှာပေါက်ကြားမှုကြောင့် အီဂျစ်သမ္မတ အယ်လ်စစ်စီက ပြန်လည်တောင်းပန်ခဲ့ Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.