ထောင်တွင်း တားမြစ်ပစ္စည်များတွေ့၍ မော်လမြိုင်ထောင်ပိုင် ကိုစစ်ဆေးဟု အကျဉ်းဦးစီးဌာနဆို


မော်လမြိုင်၊ ဇွန် ၂

မော်လမြိုင် အကျဉ်းထောင်အတွင်း မေလ ၂၉ ရက်နေ့ နံနက် ၅ နာရီက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ တားမြစ်ပစ္စည်း များတွေ့ရှိခဲ့သောကြောင့် မော်လမြိုင်ထောင်ပိုင် ဦးခင်မောင်ကြီးနှင့် ဒုထောင်ပိုင် ဦးစိုးနိုင် တို့ ကို ဘားအံမြို့နယ် အကျဉ်းဦးစီးဌာန သို့ ပြောင်းရွှေ့စစ်ဆေးလျက်ရှိကြောင်း နေပြည်တော်၊ အကျဉ်းဦးစီးဌာန ထံမှ သိရသည်။

"မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သတင်းတွေပြန့်နေလို့ဝင်စစ်တယ်။ မူးယစ်ဆေးမမိဘူး။ တားမြစ်ထားတဲ့ ပစ္စည်း တွေဖြစ်တဲ့ ပိုက်ဆံတို့၊တုတ်တို့ အဲဒါတွေဘဲတွေ့တယ်" နေပြည်တော်အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့် ရှိသူဖြစ်သော ဒုညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးကိုယ်စား အကြီးတန်းစာရေး ဦးရဲထက်အောင်က ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ ထောင်ပိုင်ကို ဘားအံ အကျဉ်းဦးစီးဌာနတွင် တွဲဖက်အနေဖြင့်သာ တာဝန်ပေး အပ်ထားပြီး စစ်ဆေးခြင်းဖြစ်ကာ ဌာနဆိုင်ရာစုံပါဝင်သည့် ခုံရုံးဖွဲ့ကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့ပြင် လူမှုကွန်ရက် ဖေ့ဘွတ် စာမျက်နှာပေါ်၌ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှ မူးယစ်ဆေးဝါများ တွေ့ရှိသည်ဟု သတင်းထွက်ပေါ်နေခြင်းမှာ အမှန်မဟုတ်ကြောင်း မွန်ပြည်နယ် အကျဉ်းစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်နိုင်က ပြောဆိုထားသည်။

ရင်ငြိမ်းချမ်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
ထောင်တွင်း တားမြစ်ပစ္စည်များတွေ့၍ မော်လမြိုင်ထောင်ပိုင် ကိုစစ်ဆေးဟု အကျဉ်းဦးစီးဌာနဆို  ထောင်တွင်း တားမြစ်ပစ္စည်များတွေ့၍ မော်လမြိုင်ထောင်ပိုင် ကိုစစ်ဆေးဟု အကျဉ်းဦးစီးဌာနဆို Reviewed by THITHTOOLWIN on 16:51 Rating: 5
Powered by Blogger.