ကွန်ဆာဗေးတစ် ခေါင်းဆောင်နေရာ အကြိတ်အနယ်

တရားရေး ၀န်ကြီး မိုက်ကယ် ဂိုးဗ်
ဗြိတိန်က ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်နေရာ အတွက် လန်ဒန်မြို့တော်ဝန်ဟောင်း ဘောရစ်ဂျွန်ဆင် ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တော့ပါဘူး။

သူဟာ တကယ်တော့ အီးယူကနေ ဗြိတိန် ခွဲထွက်ဖို့ မဲဆွယ် စည်းရုံးမှုတွေ ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

အဲဒီ မဲဆွယ်ပွဲတွေမှာ ပါဝင် လှုပ်ရှားခဲ့တဲ့ တရားရေး ၀န်ကြီး မိုက်ကယ် ဂိုးဗ်က သူ့နေရာမှာ ဝင်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ပြည်ထဲရေး ၀န်ကြီး ထရီဆာ မေ လည်း ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပြီး ပါတီတွင်း ညီညွတ်မှု ရအောင် လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။

အီးယူထဲက ဗြိတိန် ထွက်ခွာရေး ကိစ္စကို သွေဖီမှုတွေ လုပ်သွားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကွန်ဆာဗေးတစ် ခေါင်းဆောင်နေရာ အကြိတ်အနယ်  ကွန်ဆာဗေးတစ် ခေါင်းဆောင်နေရာ အကြိတ်အနယ် Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.