ကျောက်ထု-ထုတ်ခွင့် လုပ်ငန်း လိုင်စင်မပြနိုင်၍ ကုမ္ပဏီ(၃)ခု ရပ်နားခိုင်းထား


မုံရွာ-ဇွန်(၂၉)ရက်

ယင်းမာပင်မြို့နယ် တရော်ကျင်းကျေးရွာအနီးတွင်ရှိသော တောင်နှစ်တောင်၌ ကျောက်ထု-ထုတ်နေကြသည့် ကုမ္ပဏီ(၃)ခုအား လုပ်ငန်းလိုင်စင်မပြနိုင်၍ ကျောက်ထု-ထုတ်ခွင့် ရပ်နားခိုင်းထားကြောင်း တရော်ကျင်းဒေသခံများထံမှသိရသည်။

ကျောက်ထု-ထုတ်ခွင့်ရပ်ထားခိုင်းခံခဲ့ရသည့် ကုမ္ပဏီ(၃)ခုမှာ မုံရွာဆောက်လုပ်ရေးကုမ္ပဏီ-ချင်းတွင်းနဂါးကုမ္ပဏီ-စိုးကြည်အောင်တည် ဆောက်ရေး ကုမ္ပဏီတို့ဖြစ်ပြီး ယင်းကုမ္ပဏီ(၃)ခုသည် အစိုးရ၏ ခွင့်ပြုအမိန့် ကျောက်ထု-ထုတ်ခွင် လုပ်ငန်းလိုင်စင်အား ကျေးရွာသားများထံ မပြနိုင်ခဲ့၍ ကျေးရွာသားများမှ ရပ်နားခိုင်းခဲ့သည်ဟုဒေသခံများကဆိုသည်။

"ကျမသူဌေးက ၂၀၁၃-၂၀၁၄ခုနှစ်က တစောင်ဘဲ ကျမကို ပေးလိုက်တယ်။သူဌေးပြောတာကတော့ မြို့နယ်မြေစာရင်းရုံးကို ဖုန်းဆက်မေးလိုက်ရင် မြို့နယ်မြေစာရင်းရုံးက အကုန်စုံပြောပြပါလိမ့် မယ်လို့ ကျမကို ပြောခိုင်းလိုက်ပါတယ်"ဟု ချင်းတွင်းနဂါးကုမ္ပဏီမှ ကိုယ်စားလှယ် ဒေါ်ရီမွန်တင့်ကပြောသည်။

၂၀၁၃-၂၀၁၄ခုနှစ်မှစတင်ကာ တရော်ကျင်းကျေးရွာအနီးမှာရှိသည့် မြတောက်တောင်နှင့်တောင်ဆုံတောင်တို့အား ကျောက်ထု-ထုတ်လုပ်ငန်း လုပ်ကိုင်နေကြပြီး ယင်းကုမ္ပဏီ(၃)ခုသည် နိုင်ငံတော်၏ ခွင့်ပြုမိန့်မပါရှိဘဲ လုပ်ကိုင်နေကြကြောင်း သိရသည်။

"ကျွန်တော်တို့က လုပ်ငန်းလိုင်စဉ်တောင်းတယ်။ သူတို့ဖက်က မပေးနိုင်ပါဘူး။ လုပ်ငန်းလိုင်စဉ် မပေးနိုင်လို့ အခုလို့ ရပ်-ရွာက ကျောက်ထု-ထုတ်ဖို့ ရပ်ခိုင်းထားပါ"ဟု တရော်ကျင်းကျေးရွာ ဥက္ကဌဦးပြေငြိမ်းကပြောသည်။

ပြီးခဲ့သည့် ဇွန်(၂၀)ရက်က စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့သည် ကျောက်ထု-ထုတ်ခြင်းဆိုင်ရာ-စည်းမျင်းစည်းကမ်းများဖြစ်သည့် ရှေ့ဟောင်းအမွေအနှစ်များရှိသောနေရာ- သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ထိန်းညှိပေးသောနေရာ-သစ်တောဖုံးလွှမ်းသောနေရာ-မြို့ရွာနဲ့နီးသောနေရာ-လူနေဒေသနဲ့ နီးသောနေရာ-ဘာသာရေးအဆောက်အဦးနဲ့နီးသောနေရာ-ရိုးရာယဉ်ကျေးမှု ဓလေ့ရှိသောနေရာများတွင် တူးဖော်ခွင့်မပြုကြောင်း ထုတ်ပြန်ချက်(၆)ချက် ထုတ်ပြန်ထားပြီးကျောက်ထု-ထုတ်နေသည့် ကုမ္ပဏီ(၃)ခုသည် ယင်းအချက်များဖြင့် ညှိစွန်းနေကြောင်းသိရသည်။

Monywa Gazette
https://www.facebook.com/chindwingazet
ကျောက်ထု-ထုတ်ခွင့် လုပ်ငန်း လိုင်စင်မပြနိုင်၍ ကုမ္ပဏီ(၃)ခု ရပ်နားခိုင်းထား  ကျောက်ထု-ထုတ်ခွင့် လုပ်ငန်း လိုင်စင်မပြနိုင်၍ ကုမ္ပဏီ(၃)ခု ရပ်နားခိုင်းထား Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.