ဦးနှောက်မပြည့်သည့် အမျိုးသမီးအား အိမ်နီးနားချင်းမှ သားမယားအဖြစ်ပြုကျင့်


ဘားအံ ဇွန် ၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ တန်(၄၀၀၀)ဘိလပ်မြေစက်ရုံဝင်းတွင် နေထိုင်သည့် အသက်(၂၆)နှစ်အရွယ်၊ ဦးနှောက်ကြပ်မပြည့်သည့် အမျိုးသမီး (၁)ဦးအား အိမ်နီးချင်းဖြစ်သူမှ သားမယားအဖြစ် ပြုကျင့်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ (၉-၆-၂၀၁၆)ရက်နေ့နံနက်(၁၀)နာရီအချိန်ခန့်က ဘိလပ်မြေစက်ရုံဝင်း၊ မိုင်းရှင်းကွင်းအနောက်ဘက်နေထိုင်သူ ဦးဟန်တင်၊ ၆၈နှစ်(ဘ)ဦးသိန်း သည် နေအိမ်အနောက်ဘက် စိုက်ပျိုးရေးခြံအတွင်း အလုပ်လုပ်ကိုင်နေပြီး ဇနီးဖြစ်သူ ဒေါ်အမာတင်မှာ စက်ရုံဝင်း အတွင်း၌ ဝက်စာသွားသယ်စဉ် နေအိမ်၌ အသက်(၂၆)နှစ်အရွယ် ဦးနှောက်မပြည့် မ--------- အား ထားခဲ့ကြောင်း၊ မ ------ မှာ အိမ်အောက်တွင် ဘောင်းဘီတိုဝတ်ဖြင့် ဘဲစာခုတ် နေခဲ့ကြောင်းသိရသည်။

အဆိုပါအချိန် အိမ်နောက်တွင် အလုပ်လုပ်နေသည့် ဦးဟန်တင်မှာ နေအိမ်ဘက်မှ ခွေးဟောင်သံကြား၍ နေအိမ်ဘက်လာကြည့်စဉ် အိမ်နီးချင်းဖြစ်သူ စိုးလှိုင်၊ ၅၈နှစ်၊ (ဘ)ဦးဘဟန်မှ သမီးဖြစ်သူမ ------ အား
သားမယာအဖြစ် ပြုကျင့်နေသည်ကို တွေ့မြင်ရသဖြင့် သမီးဖြစ်သူအား သားမယာအဖြစ် ပြုကျင့်ခဲ့သည့် စိုးလှိုင် အား အရေးယူပေးရန် မြိုင်ကလေးရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့မှု ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မြိုင်ကလေးစခန်းမှူးရဲအုပ်ဝင်းနိုင်နှင့်အဖွဲ့မှ စိုးလှိုင်အား အချိန်မှီသွားရောက် ထိန်းသိမ်းနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူရန် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဘားအံသတင်း
ဦးနှောက်မပြည့်သည့် အမျိုးသမီးအား အိမ်နီးနားချင်းမှ သားမယားအဖြစ်ပြုကျင့်  ဦးနှောက်မပြည့်သည့် အမျိုးသမီးအား အိမ်နီးနားချင်းမှ သားမယားအဖြစ်ပြုကျင့် Reviewed by THITHTOOLWIN on 18:18 Rating: 5
Powered by Blogger.