အမ်းမြို့ မဲတောင်မှာ ကုန်ကား ချောက်ထဲထိုးကျ ယာဉ်မောင်း ကားခေါင်းပိ သေဆုံး



ရခိုင်ပြည်နယ် အမ်းမြို့ မဲတောင် ၁၀ မိုင် ၂ဖာလုံမှာ ဇွန်လ (၁)ရက်နေ့ က ယာဉ်မောင်း ဦးချစ်ကို မောင်းနှင်သော 1B 6916 ကုန်ကားဟာ အရှိန်မထိန်းနိုင်ဘဲ ပေ၁၀၀ခန့်ရှိ ချောက်အတွင်းထိုးကျခဲ့ ကြောင်း သတင်းရရှိပါတယ်။


အဆိုပါ ကုန်ကား ယာဉ်မောင်းမှာ ကားခေါင်းအတွင်းပိပြီး သေဆုံးခဲ့ပါတယ်။ ယာဉ်နောက်လိုက်ကိုလည်း တိုင်းစစ်ဆေးရုံမှာ ကုသနေရပါတယ်။  အမ်းမီးသတ်အဖွဲ့မှ ဦးစီးအရာရှိပါ ၆ ဦး သွားရောက် ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ပြီး ယာဉ်မောင်း ဖြစ်သူရဲ့ ရုပ်အလောင်းကို ညနေ (၃)နာရီ ခန့် မှာ ရရှိခဲ့ပါတယ်။

Tone Tone
အမ်းမြို့ မဲတောင်မှာ ကုန်ကား ချောက်ထဲထိုးကျ ယာဉ်မောင်း ကားခေါင်းပိ သေဆုံး  အမ်းမြို့ မဲတောင်မှာ ကုန်ကား ချောက်ထဲထိုးကျ ယာဉ်မောင်း ကားခေါင်းပိ သေဆုံး Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.