ကန်တော်ကြီးပတ်လမ်းမှာ သဲကားနှင့် ဆိုင်ကယ်တိုက်မိ တစ်ဦးသေဆုံး


 ဇွန် ၂၉ ရက် ညနေ ၅ နာရီ ၁၅ မိန်ခန့်က မန္တလေး ကန်တော်ကြီးပတ်လမ်း Smart Garden စားသောက်ဆိုင်အနီးတွင် သဲကားနှင့် ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိုက်မိမှုဖြစ်ပွားရာ ဆိုင်ကယ်စီးသူ လူငယ်နှစ်ဦးမှ တစ်ဦးသည် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာ ခြေထောက်နှစ်ချောင်း ကျိုးသွားခဲ့သည်။


အဆိုပါ ဆိုင်ကယ်မောင်းနှင်သော အလုပ်သမားနှစ်ဦးမှာ တံတားဦးမှ မန်းလေးမြို့သို့ ပန်းရံလုပ်ငန်း လာရောက် လုပ်ကိုင်သော အလုပ်သမားများ ဖြစ်ကြသည်ဟု သိရပါသည်။

ကိုလေပေါ ( မန်းတခစ် )

ကန်တော်ကြီးပတ်လမ်းမှာ သဲကားနှင့် ဆိုင်ကယ်တိုက်မိ တစ်ဦးသေဆုံး  ကန်တော်ကြီးပတ်လမ်းမှာ သဲကားနှင့် ဆိုင်ကယ်တိုက်မိ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 09:39 Rating: 5
Powered by Blogger.