ကောလင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား


ကောလင်း ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်၌ ဇွန်လ ၉ ရက်က မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုဖြစ်ပေါ်လျက်ရှိသည်။ ရေကြီးရေလျှံမှုများကြောင့် ကျော်ဇေယျာ၊ မြောက်အင်း၊ စက်ရုံလယ်ပြင်၊ ဈေးရုံဗိုလ်တဲ၊ မြို့မမြို့ကုန်းရပ်ကွက်များရှိ အိမ်များ၊ ကျောင်းများ၊ ဆေးရုံနှင့် ရဲစခန်းဝန်းအတွင်းသို့ ရေများ ဝင်ရောက်လျက်ရှိသည်။


ယခုရေကြီးရေလျှံမှုသည် ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုထက် များပြား ကြောင်းနှင့် လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှု မရှိစေရေးအတွက် မြိ့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကောလင်း (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကောလင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား   ကောလင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား Reviewed by THITHTOOLWIN on 07:38 Rating: 5
Powered by Blogger.