တက္ကစီငှားပြီး ဒရိုင်ဘာကို ဓားထောက်လုယက်ရန် ကြံစည်သူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ


တက္ကစီငှားစီးပြီး ဒရိုင်ဘာကို ဓားထောက်လုယက်ရန်ကြံစည်မှု တစ်ခု ရွှေပြည်သာမြို့နယ်တွင် ယခုလ ၂၇ရက်က ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ လှိုင်မြို့နယ် ၁၃ ရပ်ကွက်နေ အငှားယာဉ်မောင်းဖြစ် သူသည် လှိုင်မြို့နယ် ဘာတာမှတ် တိုင်အနီးရှိ နေစဉ် ရွှေပြည်သာမြို့ နယ် လှော်ကားဘက်သို့ သွား ရောက်ရန် အမည်မသိလူငယ်တစ် ဦးက လာရောက်ငှားရမ်း၍ လိုက်ပါပို့ဆောင်နေစဉ် ကွန်ပျူတာ တက္ကသိုလ်သို့အရောက် အဆိုပါ လူငယ်က အရိုးအသွားကိုးလက်မရှိဓားဖြင့် ထောက်၍ဖုန်းနှင့်ငွေများ တောင်းခံခဲ့ကြောင်း၊ ထိုသို့တောင်း ယူစဉ် အငှားယာဉ်မောင်းနှင့်လုံး ထွေးပြီး အဆိုပါလူငယ်ကကား ပေါ်မှ ဆင်းပြေးခဲ့သဖြင့် ရဲစခန်း သို့ သွားရောက်တိုင်ကြားရာ ရဲတပ် ဖွဲ့လှည့်ကင်းဖြင့်ဆောင်ရွက်စဉ် အခင်းဖြစ်နေရာအနီးတွင် လုယက် ရန်ကြံစည်သူ လူငယ်တစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါဖြစ်စဉ်ကြောင့် အငှား ယာဉ်မောင်းဖြစ်သူတွင် မေးရိုး အောက် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိ ပြီး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကု သမှုခံယူလျက်ရှိပြီး(မစိုးရိမ်ရ) ကျူးလွန်သူ ဟိန်းထွဋ်အောင် (၁၈နှစ်)ကို နမစ(လှော်ကား)တွင် (ပ)၃၁၁/၂ဝ၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ဖြင့် အမှုဖွင့်လှစ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

တီအမ်ဇက်
The Union Daily
https://www.facebook.com/uniondaily.net
တက္ကစီငှားပြီး ဒရိုင်ဘာကို ဓားထောက်လုယက်ရန် ကြံစည်သူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ  တက္ကစီငှားပြီး ဒရိုင်ဘာကို ဓားထောက်လုယက်ရန် ကြံစည်သူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:41 Rating: 5
Powered by Blogger.