စလင်းမြို့နယ် ရဒေးရွာ၌ ချောင်းရေကျ၍ ရွာတွင်းရေဝင်


စလင်း ဇွန် ၁

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်း စလင်းမှချောက်သို့ သွားရောက်သည့် ကားလမ်း ၁၅ မိုင်အကွာနှင့် ကန်တော်ရွာ၏ အရှေ့ဘက် တစ်မိုင်ခွဲအကွာရှိ ရဒေးရွာတွင် မိုးရွာသွန်းမှုကြောင့် ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ရဒေးရွာသည် ကန်တော်ချောင်း၏ ရေဦးတိုက်တွင် တည်ရှိပြီး ကန်တော်ချောင်းမှာ ချောင်းခြောက်ဖြစ်သော်လည်း ချောင်းဖျားဘက်မိုးကြီးလျှင် ရေကျလေ့ရှိသည်။ ရေကျလျှင် ရွာတွင်းသို့ချောင်းရေများဝင်လေ့ရှိသည်။ မေ ၂၀ ရက် မိုးတွင် ချောင်းရေကျသဖြင့် ရွာ၌ရေဝင်ကာ လမ်းများပျက်စီးခဲ့သည်။

ဇွန် ၁ ရက် နံနက် ၇ နာရီတွင် ကန်တော်ချောင်းရေကျသဖြင့် ရွာအတွင်း ရေများ ထပ်မံဝင်ကာ သီးနှံစိုက်ပျိုးပင်အချို့ ရေနစ် ပျက်စီးခဲ့သည်။ ရွာအတွင်း ရေဝင်သည့်အတွက် သွားရေးလာရေး ခက်ခဲလျက်ရှိသည်။ ရဒေးရွာသည် အိမ်ခြေ ၂၉၈ အိမ်၊ လူဦးရေ ၁၂၁၂ ဦးရှိပြီး တွဲဖက်အလယ်တန်းကျောင်းရှိ၍ ကျောင်းသားကျောင်းသူ ၂၂၂ ဦး ပညာသင်ကြားလျက်ရှိသည်။

ဤသို့ ကန်တော်ချောင်းမှာ မိုးကြီးတိုင်းရေကျတတ်သဖြင့် ယခုနှစ် မိုးရာသီတွင် ချောင်းရေကြီးပြီး ရွာတွင်းရေဝင်နစ်မြုပ်မည်ကို ဒေသခံများက စိုးရိမ်မှုရှိနေကြောင်း မြို့နှင့်ရွာဆက်သွယ်ရေးလမ်းများ ပျက်စီးလျက်ရှိကြောင်း သိရသည်။

စစ်ကြည် (စလင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
စလင်းမြို့နယ် ရဒေးရွာ၌ ချောင်းရေကျ၍ ရွာတွင်းရေဝင်  စလင်းမြို့နယ် ရဒေးရွာ၌ ချောင်းရေကျ၍ ရွာတွင်းရေဝင် Reviewed by THITHTOOLWIN on 11:18 Rating: 5
Powered by Blogger.