မုံရွာတွင် ခွေးရူးတစ်ကောင်မှ ခွေးများနှင့် လူအယောက် ၂၀ ကျော်ကို တစ်ပြိုင်နက် ကိုက်သွား


မုံရွာ-ဇွန် ၂

မုံရွာမြို့ ရှိ မြ၀တီ ရပ်ကွက်နှင့်ရန် ကင်း ရပ်ကွက် တို့တွင် ခွေးရူးတစ်ကောင်မှ လှည့်ပတ်၍ ခွေးများနှင့် လူအယောက် ၂၀ ကျော်ကို ယနေ့ နံနက် ပိုင်းက တစ်ပြိုင်နက် ကိုက်သွားကြောင်း ရပ်ကွက်အုပ် ချုပ်ေ၇း မှူး များထံမှ သိရသည်။

မြ၀တီ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်း က "ကျွန်တော် ရပ်ကွက်ထဲတော့ ၅ ယောက်လောက် ကိုက်ခံလိုက်ရတယ်၊ အကုန်ဆေးရုံမှာ၊" ဟုပြောသည်။

၎င်းခွေးရုးမှာ မြ၀တီရပ်ကွက်ရှိ လမ်းဘေး ခွေးများကို ကိုက်သွားသဖြင့် အကိုက်ခံရသောခွေးများကို မည်သို့ လုပ်ဆောင်မည်လဲ ဟု ရပ်ကွက်နေပြည်သူများ က မေးမြန်းလျှက် ရှိသည်။

ယခုနှစ်ဖေဖော်ဝါရီလ အတွင်းကလည်း မြ၀တီ ရပ်ကွက်တွင် လူ (၄)ဦးခွေးရူး ကိုက်ခံရပြီး အသက် ၄ နှစ်နှင့် ၅ နှစ်အရွယ်မိန်းကလေးနှစ်ဦးမှာ လွန်ခဲ့သည့်ရက်ပိုင်းက ခွေးရူးပြန်ရောဂါဖြင့်သေဆုးံသွားခဲ့ကြောင်း စုံစမ်း သိရသည်။

Monywa Gazette
https://www.facebook.com/chindwingazet/
မုံရွာတွင် ခွေးရူးတစ်ကောင်မှ ခွေးများနှင့် လူအယောက် ၂၀ ကျော်ကို တစ်ပြိုင်နက် ကိုက်သွား  မုံရွာတွင် ခွေးရူးတစ်ကောင်မှ ခွေးများနှင့် လူအယောက် ၂၀ ကျော်ကို တစ်ပြိုင်နက် ကိုက်သွား Reviewed by THITHTOOLWIN on 04:08 Rating: 5
Powered by Blogger.