ယင်းမာပင်မြို့ စိန်ဆေးဆိုင်မှ သိန်းနှစ်ဆယ်ကျော် တန်ဖိုးရှိ ဖုန်းငွေဖြည့်ကဒ်များ ဖောက်ထွင်းခံရ


ယင်းမာပင်၊ဇွန်-၂၉

ယင်းမာပင်မြို့ မြို့မဈေးအနီးတွင်ရှိသော စိန်ဆေးဆိုင်ကို ဇွန်(၂၈)ရက်ညတွင် ဖောက်ထွင်းခံခဲ့ရပြီးသိန်း၂၀ကျော်တန်ဖိုးရှိဖုန်း ငွေဖြည့်ကဒ်များခိုးယူခံခဲ့ရသည်ဟုစိန်ဆေးဆိုင် ပိုင်ရှင်ကပြောသည်။

"ဆိုင်ကိုဘယ်သူဘယ်ဝါဖောက်တယ်ဆိုတာတော့မသိရသေးပါဘူး ရဲကတော့ဖြစ်စဉ်ကိုအသေးစိတ်လာ မေးပြီး မှတ်တမ်းယူသွားတယ်"ဟု၎င်းက ဆက်ပြောသည်။


ဈေးဆိုင်၏သွပ်မိုး အား ဖွင့်ဖောက်ကာပစ္စည်းခိုးယူမှု ဖြစ်ခဲ့ပြီးယင်းဆေးဆိုင်အတွင်း သေတ္တာ ထဲတွင်သိမ်းဆည်းထားခဲ့သောဖုန်းငွေ ဖြည့်ကဒ်များခိုးယူခံခဲ့ရပြီးတခြားသော ပစ္စည်းများလည်း ခိုးယူခံခဲ့ရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ယင်းမာပင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူခြင်းမရှိသေး ကြောင်းသိရှိရသည်။

နွယ်နွယ်ထွန်း
Monywa Gazette
https://www.facebook.com/chindwingazet
ယင်းမာပင်မြို့ စိန်ဆေးဆိုင်မှ သိန်းနှစ်ဆယ်ကျော် တန်ဖိုးရှိ ဖုန်းငွေဖြည့်ကဒ်များ ဖောက်ထွင်းခံရ  ယင်းမာပင်မြို့ စိန်ဆေးဆိုင်မှ သိန်းနှစ်ဆယ်ကျော် တန်ဖိုးရှိ ဖုန်းငွေဖြည့်ကဒ်များ ဖောက်ထွင်းခံရ Reviewed by THITHTOOLWIN on 22:30 Rating: 5
Powered by Blogger.