အိုင်စလန်ကို ရှုံးတဲ့အပေါ် အင်္ဂလန်ပြည်သူ စိတ်ဆိုး

အိုင်စလန်နိုင်ငံသားတွေ အောင်ပွဲခံပေမယ့် အင်္ဂလန်ကတော့ ယူကျုံးမရ ဖြစ်နေ (Credit: Getty Images)
၂၀၁၆ ​ခုနှစ် ​ဥရောပ ​ချန်ပီယံ ​ဘောလုံးပြိုင်ပွဲမှာ ​အင်္ဂလန်အသင်းက ​Iceland ​နိုင်ငံအသင်းကို ​ရှုံးနိမ့်သွားတဲ့အတွက် ​အင်္ဂလန်ပြည်သူတွေ ​အကြီးအကျယ်အံ့အားသင့် ​စိတ်ပျက်နေကြပါတယ်။

Iceland ​နိုင်ငံဆိုတာ ​လူဦးရေ ​သုံးသိန်းသာ ​ရှိတဲ့ ​နိုင်ငံဖြစ်ပြီး ​နိုင်ငံတကာ ​ဘောလုံးပြိုင်ပွဲမှာ ​ပထမဆုံးအကြိမ် ​ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ​နိုင်ငံဖြစ်သလို ​လူဦးရေထက် ​မီးတောင်အရေအတွက် ​ပိုများတဲ့ ​နိုင်ငံလည်း ​ဖြစ်ပါတယ်။

ဘောလုံးလောကမှာ ​အခုမှ ​နိုင်ငံတကာ ​ပြိုင်ပွဲကို ​ဝင်ပြိုင်ခွင့်ရတဲ့ ​Iceland ​နိုင်ငံက ​ကမ္ဘာ့ဘောလုံးကို ​ကြီးစိုးထားတဲ့ ​အင်္ဂလန်အသင်းကို ​အနိုင်ရလိုက်တဲ့အတွက် ​အမျက်ဒေါသ ​ထွက်နေကြပါတယ်။

အင်္ဂလန်အသင်းက ​Iceland ​အသင်းကို ​၂ ​ဂိုး ​၊ ​၁ ​ဂိုးနဲ့ ​ရှုံးနိမ့်ပြီးတဲ့နောက် ​အင်္ဂလန်နိုင်ငံအသင်းရဲ့ ​မန်နေဂျာ ​Roy ​Hodgson ​က ​ရာထူးကနေ ​ချက်ခြင်း ​နှုတ်ထွက်လိုက်ပါတယ်။

တခြားအင်္ဂလန်နိုင်ငံသားတွေလိုပဲ ​ခံစားရတဲ့ ​အင်္ဂလန်ပရိသတ် ​တစ်ဦးကတော့ အရမ်းကို ​ရှက်မိတယ်။  ​လွန်ခဲ့တဲ့ ​၃ ​-၄ ​ရက် ​တုန်းက ​အီးယူကနေ ​ခွဲထွက်ဖို့ ​မဲဆန္ဒ ​ပြုခဲ့ကြတုန်းကလည်း ​တခါ ​ကိုယ့်ကိုကိုယ် ​အရှက်ခွဲခဲ့ကြသလို ​အခု ​နောက်တခါ ​အရှက်ခွဲလိုက်တာပါပဲ။ ​ဒီအချိန်မှာ ​အင်္ဂလန်နိုင်ငံသား ​ဖြစ်ရတာ ​အဆိုးဆုံးပဲလို့ ​ပြောသွားတာ ​ဖြစ်ပါတယ်။

Iceland ​ရဲ့ ​မြို့တော်မှာတော့ ​လူပေါင်း ​တစ်သောင်းလောက် ​ဘောလုံးပွဲအတူတူ ​ကြည့်ရှုခဲ့ကြပြီး ​အောင်ပွဲခံနေကြပါတယ်။

Iceland ​အသင်းက ​ဆီးမီးဖိုင်နယ်ပွဲမှာ ​အိမ်ရှင် ​ပြင်သစ်နိုင်ငံအသင်းနဲ့ ​ယှဉ်ပြိုင်ရမှာ ​ဖြစ်ပါတယ်။ 

ABC Radio Australia
http://www.radioaustralia.net.au/burmese
အိုင်စလန်ကို ရှုံးတဲ့အပေါ် အင်္ဂလန်ပြည်သူ စိတ်ဆိုး အိုင်စလန်ကို ရှုံးတဲ့အပေါ် အင်္ဂလန်ပြည်သူ စိတ်ဆိုး Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.