ကသာခရိုင်၊ ၀န်းသိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေများဝင်ရောက်
ကောလင်းမြို့‬ ၂၀၁၆ မှာ ပထမဆုံး ရေကြီးမှုမြင်ကွင်း။ ဓါတ်ပုံ - Sai Wunna
ကောလင်းမြို့‬ ၂၀၁၆ မှာ ပထမဆုံး ရေကြီးမှုမြင်ကွင်း။ ဓါတ်ပုံ - Sai Wunna
ကောလင်းမြို့‬ ၂၀၁၆ မှာ ပထမဆုံး ရေကြီးမှုမြင်ကွင်း။ ဓါတ်ပုံ - Sai Wunna
ကသာ၊ ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ၀န်းသိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဇွန်လ(၉) ရက်နေ့ နံနက်(၃)နာရီအချိန်ခန့်က ၀န်းသိုမြို့ပေါ်ရှိ လူနေရပ်ကွက် အချို့နှင့် ကျေးရွာများတွင် ရေများ ၀င်ရောက်ခဲ့ကြောင်း သိရသည်။
ကျွန်တော်တို့ဆီမှာ မိုးတွေက ယမန်နေ့ညက အပါအ၀င် (၂)ညဆက်တိုက် ကို သည်းကြီး မဲကြီးရွာတယ် မိုးရေချိန်(၁၀)လက်မခန့်ရှိတယ် လို့ကြားတယ်။ မိုးကတစ်အား များတော့ ဒေါင်းမြူး ချောင်းရေတွေ ဒလောဟော မြင့်တက်လာပြီး ၀န်းသိုမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ဒေါင်းမြူးချောင်း တစ်လျှောက်ရှိ ကျေးရွာ အချို့မှာလည်း ရေ၀င် ရောက်မှုတွေ ရှိတယ်လို့ကြား တယ်။ မြို့ပေါ်က တစ်ချို့အိမ်တွေ ဆိုရေက (၂)ပေလောက်ထိဝင်တယ်ဗျာ့။ ဒါ့အပြင် ကောလင်း-ပင်လည်ဘူး လမ်းပေါ်ရှိ (၇)မိုင်တံတား ချဉ်းကပ်လမ်း လည်း မိုးရေ တိုက်စားပြီး ပျက်စီးမှုဖြစ်ပေါ်တယ်လို့ ကနဦး ကြားသိရတယ်။ မနှစ်ကထက်စာရင် ဒီနှစ်အခုလို ချောင်းရေ လျှံတာ စောတယ်။ ဟု ၀န်းသိုမြို့ပေါ်ရှိ ဒေသခံတစ်ဦး က ပြောကြားခဲ့သည်။
ဝန်းသိုမြို့နယ်တွင် ရေကြီးမှုမြင်ကွင်း။ ဓါတ်ပုံ - MOI
အဆိုပါ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေ၀င်ရောက်မှုများကြောင့် လူနှင့် တိရစ္ဆာန်များ အသေ အပျောက် မရှိကြောင်း ကနဦးသတင်း အရ သိရှိရပါသည်။
(တိုင်းဒေသကြီးပြန်/ဆက်)
MOI Webportal Myanmar 
https://www.facebook.com/MOIWebportalMyanmar
ကသာခရိုင်၊ ၀န်းသိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေများဝင်ရောက်  ကသာခရိုင်၊ ၀န်းသိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေများဝင်ရောက် Reviewed by THITHTOOLWIN on 09:02 Rating: 5
Powered by Blogger.