အမေရိကန်ပြည်ထောင်စု ဒစ္စနေ အပန်းဖြေနေရာမှာ လေးနှစ်အရွယ် ခလေး မိချောင်းဆွဲခံရ


JUNE 15, 2016

အမေရိကန်ပြည်ထောင် ဖလော်ရီဒါ ပြည်တွင်း Disney’s Grand Floridian Resort ဒစ္စနေ အပန်းဖြေ နေရာတွင် လာရောက် လယ်ပါတ်နေတဲ့ မိသားစုဝင်လေဦး မှာ ညပိုင်း ရေကန်အတွင်း ရေဆင်းကူးနေစဉ် မိချောင်းတကောင်က (၄)နှစ်သားကလေးငယ်ကို ကိုက်ယူဆွဲသွားကြောင်း သိရပါတယ်။


ခလေးဟာ မိချောင်းစပ်အတွင်း ပါသွားခဲ့ပြီး ပြောက်ဆုံးသွားခဲ့လို့  တာဝန်ရှိသူတွေ စက်လှေတွေနဲ့  အပူတပြင်း ရှာဖွေနေကြပါတယ်။ မိချောင်း ကိုက်သွား တဲ့ SevenSeasLagoon နေရာဟာ လာရောက်အပန်းဖြေသူတွေအတွက် ပြုလုပ်ပေးထားတဲ့ ကျွန်းကမ်းစပ် ပုံစံ ရေကူးကန်ဖြစ်ကြောင်း သိရပါတယ်။

အမေရိကန်ပြည်ထောင် ဖလော်ရီဒါ ပြည်နယ်မှာ အာဖရိကမိချောင်းမျိုးတွေ မြစ်တွေကန်တွေမှာ လွတ်မြောက်နေပြီး လူတွေကို အန္တရယ်ပေးနေခဲ့တဲ့ဖြစ်ရပ်တွေ ၂၀၀၇ ခုနှစ်ကစတင် ဖြစ်ပွားနေခဲ့တာပါ ၊ မိချောင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးနေပေမယ့် မိချောင်းအတော်များများဟာ လွတ်မြောက် နေဆဲဖြစ်ပါတယ်။

USA Today
Social Action for Women - SAW
အမေရိကန်ပြည်ထောင်စု ဒစ္စနေ အပန်းဖြေနေရာမှာ လေးနှစ်အရွယ် ခလေး မိချောင်းဆွဲခံရ  အမေရိကန်ပြည်ထောင်စု ဒစ္စနေ အပန်းဖြေနေရာမှာ လေးနှစ်အရွယ် ခလေး မိချောင်းဆွဲခံရ Reviewed by THITHTOOLWIN on 17:24 Rating: 5
Powered by Blogger.