ကလေးငယ်တစ်ဦး ကားပေါ်မှပြုတ်ကျသေဆုံး


နတ်မောက်မြို့နယ်၊ ဖက်တောကျေးရွာတွင် ကလေးငယ်တစ်ဦး ကားပေါ်မှပြုတ်ကျသေဆုံးခဲ့မှု ဇွန်၂၉ရက်ညနေပိုင်းကဖြစ်ပွား ခဲ့ကြောင်းသိရသည်။

 ဖြစ်စဉ်မှာ ဇွန် ၂၉ရက်ညနေ ၆နာရီအချိန်က ဆည်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနေလင်းမှ ဖက်တောကျေးရွာတွင် ကလေးတစ်ဦးကားပေါ်မှပြုတ်ကျသေဆုံးကြောင်းသတင်းပေးချက်အရ ရွှေပန်းတောနယ်မြေရဲစခန်းမှူး ရဲအုပ်စိန်တိုး သွားရောက်စစ်ဆေး ခဲ့ရာ အောင်ကျော်၊အသက် ၄၄နှစ်၊ဖက်တောကျေးရွာ၊ နတ်မောက်မြို့နယ်နေသူမောင်းနှင်လာသော 3L/-------ISUZU အဖြူရောင်ယာဉ်သည် မိတ္ထီလာမြို့မှ ကုန်ပစ္စည်းများ ဝယ်ယူပြီးပြန်လာရာ ဖက်တောကျေးရွာတွင် ကုန်းပစ္စည်းချပြီး နေအိမ်သို့ပြန်လာစဉ် ရွာ၏အရှေ့တံခါးသို့အရောက် ကား၏နောက်ပိတ်ယာဘက်ခြမ်း မှနေ၍ မောင်ဝင်းကိုအောင်၊အသက် ၅ နှစ်၊သူငယ်တန်း (ဖက်တောကျေးရွာအလက(ခွဲ) နှင့် မောင်နေဝင်းအောင်တို့ ဆော့ကစား၍တွဲခိုစီးပြီး လိုက်ပါလာကြရာ မောင်ဝင်းကိုအောင် မှာတွဲခိုစီးရာမှပြုတ်ကျပြီး မောင်ဝင်းကိုအောင်တွင် နှာခေါင်းမှသွေးထွက်ဒဏ်ရာ၊ပါးစပ်မှအမြုပ်ထွက်၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းအမှုစစ်၏ စစ်ဆေးချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ ယာဉ်မောင်း အောင်ကျော်အား ရဲအုပ်စိန်တိုးမှ တရားလိုပြုတိုင်ကြား ခဲ့သောကြောင့် နတ်မောက်မြို့နယ်၊ ရွှေပန်းတောနယ်မြေရဲစခန်းမှ ယာဉ်(ပ)၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ထားသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ကလေးငယ်တစ်ဦး ကားပေါ်မှပြုတ်ကျသေဆုံး  ကလေးငယ်တစ်ဦး ကားပေါ်မှပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 17:53 Rating: 5
Powered by Blogger.