အမြန်လမ်း ၁၂၂ မိုင်အနီးတွင် Toyota Wish တစ်စီး မီးလောင်ပြီး ယာဉ်ပေါ်ပါ အမျိုးသားတဦးနှင့် အမျိုးသမီးတဦး မီးလောင်သေဆုံး


အမြန်လမ်း၁၂၂မိုင်မှာ Wish7J/4236 မီးလောင်မှု‬ - ဓါတ်ပုံ။ ။ ကိုဇော်မိုး (ပိုင်အိုးနီးယား)

အမြန်လမ်း ၁၂၂/၆ဖာလုံနှင့် ၇ဖာလုံကြားတွင် ၃.၅.၂၀၁၆ ယနေ့ နံနက် ၁၂နာရီ ၂၀ခန့်က ‪‎Wish‬ အမျိုးအစား ကားတစ်စီး မီးလောင်ပြီး အမည်မသိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရပါတယ်။


အဆိုပါ ကားဟာ နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသော Toyota Wish အမျိုးအစား ယာဉ်အမှတ်7J/4236 ဖြစ်ပြီး လမ်းလယ်ဘာရီယာတုံးများအား အရှိန်မထိန်းနိုင်ပဲ ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်ကာ လမ်းမကြီးပေါ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။


 ယာဉ်ပေါ်တွင် ပါရှိလာသော ယာဉ်မောင်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ယာဉ်အတွင်၌ပင် တစ်ကိုယ်လုံးမီးလောင်းကျွမ်း၍ နေရာတွင်ပင် သေဆုံးခဲ့ပါတယ်။

  မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းစခန်းမှ တာဝန်ရှိသူများ အပူတပြင်း မီးငြိမ်းသတ်ကြပေမဲ့လဲ၊ ရာသီဥတုအပူချိန်နှင့် လောင်ကျွမ်းမှု အားကောင်းသော 92 ဓာတ်ဆီအားကြောင့် ကားပေါ်ပါသူနှစ်ဦးအား ဘယ်လိုမှကယ်ထုတ်လို့မရ ဖြစ်ခဲ့ရကြောင်း ကိုဇော်မိုး (ပိုင်အိုးနီးယား)ရဲ့ (facebook) ဖော်ပြထားပါတယ်။

 by သစ်ထူးလွင်


အမြန်လမ်း ၁၂၂ မိုင်အနီးတွင် Toyota Wish တစ်စီး မီးလောင်ပြီး ယာဉ်ပေါ်ပါ အမျိုးသားတဦးနှင့် အမျိုးသမီးတဦး မီးလောင်သေဆုံး  အမြန်လမ်း ၁၂၂ မိုင်အနီးတွင် Toyota Wish တစ်စီး မီးလောင်ပြီး ယာဉ်ပေါ်ပါ အမျိုးသားတဦးနှင့် အမျိုးသမီးတဦး မီးလောင်သေဆုံး Reviewed by THITHTOOLWIN on 10:33 Rating: 5
Powered by Blogger.