ကျေးရွာတခုလုံး မီးရှို့ခံရမှု နမ့်ခမ်းမြို့ရှိ ဒေသခံ အဖွဲ့အစည်းများ PSLF/TNLA ပလောင်တပ်ဖွဲ့ထံ အိတ်ဖွင့်စာပေးပို့

မေလ ၉ ရက် ၂၀၁၆

သျှမ်းပြည်မြောက်နမ့်ခမ်းမြို့တွင် ရှိသော အဖွဲ့အစည်းအသီးသီးများနှင့် ရဟန်းရှင် ပြည်သူလူထုများ စုပေါင်းပြီး မေလ ၈ ရက်က တအာင်းလွှတ်မြောက်ရေးတပ်မတော် PSLF/TNLA ထံ အိတ်ဖွင့်စာ တစ်စောင်ပေးပို့ခဲ့ကြောင်း သျှမ်း သံတော်ဆင့်မှသတင်းရရှိသည်။

မေလ ၆ ရက်က သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသ ဟိုပန်ကျေးရွာတွင် သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် တအာင်းလွှတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ် ပွားရာ- PSLF/TNLA အဖွဲ့မှ ၄င်းတစ်ရွာလုံးရှိ အပြစ်မဲ့ပြည်သူများ၏နေအိမ်အားလုံးကို မီးရှို့ဖျက်ဆီး ခြင်း အပြစ်မဲ့ပြည်သူများကို ဖမ်း ဆီး ပြန်ပေးဆွဲခြင်း တို့ကြောင့် ယနေ့ မေလ ၈ရက်နေ့၌ နမ့်ခမ်းမြို့မိုခမ်းရပ်ကွက်ရှိ ဇေယျသုခ ဘုန်း တော်ကြီးကျောင်းတွင် အဖွဲ့အစည်းအသီးသီး နှင့် ရဟန်းရှင်ပြည်သူလူထုများစုပေါင်းစည်းဝေးပြီး ထို PSLF/ TNLA ထံ အိတ်ဖွင့်စာ တစ်စောင်ကို ဆွေးနွေးရေးသား ခဲ့သည် - ဟု နမ့်ခမ်းလူမှုညီညွှတ်ရေးအသင်းမှ စိုင်းဆိုင်ဖ ကဆိုသည်။

“အစည်းအဝေးကို မွန်းလွဲ ၂းဝဝ နာရီမှ ညနေ ၅း၃၀ နာရီ အထိကျင်းပခဲ့ကြတယ်၊ တက်ရောက်ပါဝင်တဲ့ အဖွဲ့ များတော့ ကျနော်တို့မြို့မှာရှိတဲ့ သျှမ်းရဟန်းပျိုများအဖွဲ့၊ မြို့မိမြို့ဖများ၊ လူမှုညီညွှတ်ရေးအသင်း၊ ကျားဖြူပါတီ၊ သျှမ်းစာ/ယဉ်အဖွဲ့၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ တောင်သူလယ် သမားအဖွဲ့၊ သျှမ်း အမျိုးသမီး ရေးရာ အဖွဲ့နဲ့ သျှမ်းလူငယ်များ စတဲ့ အဖွဲ့အစည်း များဖြစ်ကြပါတယ် ”၄င်းကပြောသည်။

တအာင်းလွှတ်မြောက်ရေးတပ်မတော် PSLF/TNLA ထံ အိတ်ဖွင့်ပေးစာထဲတွင် ၄င်း PSLF/TNLA အဖွဲ့ များကျူး လွန်ခဲ့သည့် အပြစ်များကိုပြည်သူလူထံဝန်ချတောင်းပန်ပေးရန် နှင့် အပြစ်မဲ့ ဟိုပန် ပြည်သူ လူထု များအိုးအိမ်များ မီးရှို့ဖျက်ဆီးခြင်း အပေါ် PSLF/TNLA မှအပြည့်အဝ တာဝန်ယူ ပြန်လျော်ကြေး ပေးရန် စသည့်အချက်များအပါအ ၀င်ရေးသား ပို့ထားသည် ဟု အစည်းအဝေးတက်ရောက်ခဲ့သော အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆို သည်။

ဟိုပန်ကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ “တအာင်းတပ်မတော်သည် ပြည်သူလူထု အကျိုး ယုတ်စေ သည့် လုပ်ရပ်များ၊ အပြစ်မဲ့သူများ ဖမ်းဆီးချုပ်နှောင်ခြင်းများ၊ ပြည်သူလူထု၏ အသက်အိုး အိမ် စည်း ဇိမ်များဖျက်ဆီးခြင်း …. . မူဝါဒ မရှိကြောင်း” - မေလ ၇ ရက်နေ့ ရက်စွဲ ဖြင့် PSLF/TNLA မှ ကြေငြာချက်ထုတ်ပြန်ထားသည်။

အဆိုပါ PSLF/TNLA အဖွဲ့ထံ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ရသည့်ရည်ရွယ်ချက်မှာ - “ဟိုပန်ရွာနေ သျှမ်းတိုင်း ရင်းသားပြည်သူအတွက်မဟုတ်ပဲ နောက်နောင် အခုလိုမျိုးရင်နင့်စရာဖြစ်ရပ်များအား မြန်မာနိုင်ငံရှိ တခြားတိုင်း ရင်းသားလူမျိုးများအားလုံး အပေါ် မဖြစ်ပွားရစေရန်” စသည့်ရည်ရွယ်ချက် ရေးသားပေး ပို့ခဲ့ရ ကြောင်း ဟု နမ့်ခမ်းမြို့ လူမှုညီညွှတ်ရေးအသင်း ဥက္ကဌ ဦးစိုင်းလိန်မြတ် ကပြောသည်။

သျှမ်းသံတော်ဆင့်၊ နန်းသီရိခမ်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/




ကျေးရွာတခုလုံး မီးရှို့ခံရမှု နမ့်ခမ်းမြို့ရှိ ဒေသခံ အဖွဲ့အစည်းများ PSLF/TNLA ပလောင်တပ်ဖွဲ့ထံ အိတ်ဖွင့်စာပေးပို့  ကျေးရွာတခုလုံး မီးရှို့ခံရမှု နမ့်ခမ်းမြို့ရှိ ဒေသခံ အဖွဲ့အစည်းများ PSLF/TNLA ပလောင်တပ်ဖွဲ့ထံ အိတ်ဖွင့်စာပေးပို့ Reviewed by THITHTOOLWIN on 12:17 Rating: 5
Powered by Blogger.