ပေးတဲ့လက်ဆောင်မယူ ခဲ့သူ POP အဆိုတော် ဓါးထိုးခံရ



23May2016

ဂျပန် နိုင်ငံက POP အဆိုတော် Mayu Tomita မယူ တိုမိတ ကို စိတ်ရောဂါရှင် အမျိုးသားတဦးက ဓါးနဲ့  အချက်ပေါင်း များ စွာ ထိုးနှက် တိုက်ခိုက်ခဲ့ရလို့ သူမရဲ့ လည်ပင်းနဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာပြင်းထန်ရ သွားပြီး ဆေးရုံမှာ စိုးရိမ်ရတဲ့ အခြေအနေရှိနေကြောင်း သိရပါတယ်။

အသက်(၂၀) သာရှိသေးတဲ့ တက္ကသိုလ်ကျောင်းသူ အဆိုတော် ဟာ စနေနေ့ မှာ တိုကျို မြို့ က ဖျော်ဖြေပွဲ မကျင်းပခင် ပရိတ်သတ်တွေကို နုတ်ဆက်နေတဲ့ အချိန်မှာ ဖြစ်ပွားခဲ့တာပါ။

ဂျပန်ပြည်တွင်း သတင်းတွေမှာ ရေးသားဖေါ်ပြနေတာကတော့ တိုမိတကို တဖက်သတ် စွဲလမ်းနေသူ အမျိုးသား တဦးက ပေးလာတဲ့ လက်ဆောင် ကို သူမက မယူဘဲ ပြန်ပေးခဲ့တဲ့ဖြစ်ရပ်အပေါ် အဆိုပါ အမျိုးသားက အမုန်း ရန်ညိုး ထားပြီး လုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

Credit AFP
Social Action for Women - SAW
ပေးတဲ့လက်ဆောင်မယူ ခဲ့သူ POP အဆိုတော် ဓါးထိုးခံရ  ပေးတဲ့လက်ဆောင်မယူ ခဲ့သူ POP အဆိုတော် ဓါးထိုးခံရ Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.