အမြန်နှုန်း မြင့် မောင်းရာမှ Gigbike ဆိုင်ကယ်တိမ်းမှောက် ကျောင်းသားစုံတွဲသေဆုံး


Posted on 20May2016

ထိုင်းနိုင်ငံ နကော်ရစီမား ခရိုင်အတွင်း မေလ ၁၉ ရက် နေ့ ကCBR 650F အမျိုးအစား Bigbike ဆိုင်ကယ် ကြီး စီးလာတဲ့ ကျောင်းသား စုံတွဲ က မြို့ ဝင်လမ်းမှာ အမြန်မောင်းရင်း ကားတွေကိုကျော်တက်နေစဉ်မှာ အရှိန်မထိမ်းနိုင်ဖြစ်ပြီး လမ်းမပေါ်မှာ တိမ်းမှောက်သွားခဲ့တာပါ။

ဆိုင်ကယ်ပေါ်မှာလိုက်ပါလာတဲ့အသက်(၂၁) နှစ်အရွယ် ကျောင်းသူမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီးအမျိုးသားကတော့ ဆေးရုံမှာအတွင်းလူနာအဖြစ်ကုသနေရပါတယ်။


ကျောင်းသားစုံတွဲဟာ ဆိုင်ကယ်ကြီး ကို မိဘတွေက ၀ယ်ပေး လိုက်တာ ရက်ပိုင်းသာရှိသေးပါတယ်၊ အသံကျယ်ကျယ်နဲ့ ဆိုင်ကယ်ကို အမြန်မောင်း လာပြီး ကားတွေ ကို ကွေ့ ပါတ်ကျော်တက်နေစဉ်မှာ မှောက်ခဲ့တာဖြစ်ပြီးဆိုင်ကယ်ဦးထုတ်ဆောင်း မထားသူ ကျောင်းသူက ဦး ခေါင်းနဲ့ လမ်းမရိုက်မိတဲ့ဒဏ်ရာနဲ့  အရင်သေဆုံးခဲ့ပြီး ဆေးရုံတင်လိုက်ရသူ ကျောင်းသားကတော့ အရှိန်နဲ့  လမ်းမကိုဆောင့် လိုက်တဲ့ အတွင်းဒဏ်ရာ တွေ နဲ့ ယနေ့ သေဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။

Credit Khaosod
Social Action for Women - SAW
အမြန်နှုန်း မြင့် မောင်းရာမှ Gigbike ဆိုင်ကယ်တိမ်းမှောက် ကျောင်းသားစုံတွဲသေဆုံး  အမြန်နှုန်း မြင့် မောင်းရာမှ Gigbike ဆိုင်ကယ်တိမ်းမှောက် ကျောင်းသားစုံတွဲသေဆုံး Reviewed by THITHTOOLWIN on 08:26 Rating: 5
Powered by Blogger.