လားရှိုးမြို့ ပေါ်ရပ်ကွက်များအတွင်း ဓါးကိုင်ပြစ်မှုကျူးလွန်နေသူများအား ဖမ်းဆီးရမိ

လားရှိုးမြို့ပေါ်ရပ်ကွက်များအတွင်း ညဘက်ပိုင်းဓါးဖြင့် ခုတ်သူအချို့ကို ဖမ်းဆီးရမိ။ ။ ဓါတ်ပုံ - Lashio News
(လားရှိုး၊ မေ ၃)

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ တွင် သင်္ကြန်အပြီး၊ ဧပြီလကုန်ပိုင်းမှစတင်ကာ မြို့ပ်ါရပ်ကွက်များအတွင်း ညအချိန်၌ လမ်းပေါ်တွင်သွားလာနေသူများအား လူငယ်တစ်စုက ဓါးဖြင့်ခုတ်မှုများဖြစ်ပွားခဲ့သဖြင့် လမ်းသွားလမ်း လာ လူငယ် (၅) ဦးထက်မနည်း ဓါးခုတ်ဒဏ်ရာများရရှိခဲ့ပြီး လားရှိုး ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် ဖြစ်စဉ်များကြောင့် ဓါးဖြင့်ခုတ်သူများကို ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့ မှူး၏ ကြပ်မတ်မှုဖြင့် ပြည်သူ့ ဝန်ဆောင်မှုကို ရှေးရှုသောစနစ်ဖြင့် လားရှိုးမြို့ ပေါ်ရပ်ကွက် များအတွင်း အပူတပြင်း ပိုက်စိပ်တိုက်ရှာဖွေ ပိတ်ဆို့ ဖမ်းဆီးခဲ့ရာ ယခုအခါ ပြစ်မှုကျူးလွန်သူ (၈) ဦးအား သက်သေ ခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း လားရှိုး ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ကျရဲအရာရှိတစ်ဦးက ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ အတည်ပြု ပြောကြားသည်။

`` ဧပြီလ (၂၆) ရက်ညမှာ တစ်ကြိမ်၊ ဧပြီလ (၂၇)ညမှာ တစ်ကြိမ်၊ လားရှိုးမြို့ ၊ ရပ်ကွက် (၁၂) နဲ့  ရပ်ကွက် (၇) နယ် မြေတွေမှာ လမ်းသွားလမ်းလာတွေကို ဒါးနဲ့ ခုတ်တဲ့အမှု ဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်နယ်ဒုတိယရဲ တပ်ဖွဲ့ မှူး၊ ခရိုင်ရဲတပ်ဖွဲ့ မှူးတို့ရဲ့ လမ်းညွှန်မှုနဲ့  လားရှိုးမြို့ မရဲစခန်း၊ နယ်မြေရဲစခန်းတို့ ပူးပေါင်းပြီး အခင်းဖြစ်ပွား ခဲ့တဲ့ ရပ်ကွက်တွေကိုသွားပြီး စုံစမ်းစစ်ဆေးဖော်ထုတ်တဲ့အခါ ဓါးကိုင်ရမ်းကားလေ့ရှိသူတွေဟာ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၄)(၅)(၇) နဲ့  (၈) တို့ မှာရှိတဲ့ အသက် (၂၀) အရွယ် တရုတ်လူငယ်တွေဖြစ်တယ်လို့  သိခဲ့ရပါတယ် ´´ ဟု လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့ မှူး က ပြောပြသည်။


ရဲတပ်ဖွဲ့ ဝင်များက ထပ်မံသတင်းအတည်ပြုစုံစမ်းချက်အရ ရပ်ကွက် (၇) နယ်မြေ (၂၀) နေ (၁၉)နှစ်၊ (ဘ) ဦးရန်ဆွမ်ဆောင်၊ တရုတ်/ဗုဒ္ဓမှာ ရပ်ကွက်အတွင်း ဓါးကိုင်သွားလာတတ်ပြီး ဓါးဖြင့်ခုတ်တတ် ကြောင်း သိရှိရသဖြင့် ဧပြီလ (၂၆) ရက်နေ့ တွင် ၄င်း၏နေအိမ်သို့  သွားရောက်ဖမ်းဆီးစစ်ဆေးခဲ့ရာ ဓါးဖြင့်ခုတ်ခဲ့ဖူးသည့်ပြစ်မှုများ ကျူးလွန်ခဲ့ဖူး ကြောင်း ပေါ်လွင်ခဲ့ ကြောင်း၊ ထို့ အပြင် ရဲတပ်ဖွဲ့ဝင်များ၏ ဆက်လက်စုံစမ်းဖော်ထုတ်ချက်အရ ရပ်ကွက် (၇) နယ်မြေ (၃) ရတနာ ဇေယျုံ ကျောင်းလမ်းနေ အားရွှင်(ခ)စစ်ရှုံး (၂၄) နှစ်၊ (ဘ) ဦးရန်ကျင်းချန်၊ တရုတ်/ဗုဒ္ဓ သည် ဓါးကိုင်သွားလာ တတ်သည့်ကျော်ဇော်သတင်း ရှိကြောင်းသိရှိရသဖြင့် အားရွှင်(ခ)စစ်ရှုံးကို ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။

ဧပြီလ (၂၇) ရက်နေ့ တွင်လည်း သတင်းအရ ဓါးကိုင်ရမ်းကားတတ်သူ အားပေါင်း (၃၉) နှစ် (ဘ) ဦးဖုန်းယွင်ဟုန်၊ တရုတ်/ဗုဒ္ဓ၊ သီတာလွင်လမ်းတွင်နေထိုင်သူအား နေအိမ်တွင်ဝင်ရောက်ရှာဖွေရာ ၄င်း၏နေအိမ်အတွင်းမှ ဘိန်းဖြူ (၁.၂) ဂရမ်အား တွေ့ ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ ထပ်မံ၍ မူးယစ်ဆေးသုံးစွဲကာ ဓါးကိုင်ရမ်းကားတတ်သူ စန်တီး (ခ) ကျော်သူရထွေး၊ (၂၆)နှစ်၊ (ဘ) ဦးဖူကျားရှင် (ခ) အိုက်လှ၊ ကိုးကန့် /ဗုဒ္ဓ၊ ကောင်းမူလမ်း၊ နယ်မြေ(၆) ရပ်ကွက် (၇) နေအိမ်အား ၀င်ရောက်ရှာဖွေရာ စန်တီး(ခ)ကျော်သူရထွေးမှာ နေအိမ်နောက်ဘက်အပေါက်မှ ထွက်ပြေးခဲ့ ကြောင်း၊ ၄င်း၏နေအိမ်အားရှာဖွေခဲ့ရာ ၄င်းအိပ်သည့်ကုတင်ပေါ်ရှိစောင်ပုံအောက်မှ အနက်ရောင်သားရေအိတ် အတွင်း စိတ်ကြွဆေးပြား (၆၉၀)ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဖမ်းဆီးရေးအဖွဲ့ မှ အဆိုပါနေအိမ်အတွင်း အသွင်ယူစောင့်ဆိုင်းနေစဉ် အိမ်အတွင်းသို့  ဓါးကိုင် ၀င်ရောက်လာသူ လောက်တား(ခ)စိန်ချွန်းလောက်တား (၂၇)နှစ်၊ (ဘ) ဦးရီလောက်ချို၊ ကိုးကန့် /ဗုဒ္ဓ၊ နယ်မြေ (၁၉) ရပ်ကွက် (၁၂) နေသူအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့ အပြင် လောင်တားနေထိုင်သောခြံတဲအတွင်းသို့  မူးယစ်ဆေးသုံးစွဲသူများ လာရောက်တတ်ကြောင်း၊ ဓါးကိုင်ဆောင်လေ့ရှိကြောင်း သိရသဖြင့် လောင်တားနေထိုင်ရာ တောင်ယာတဲသို့  မေလ (၃) ရက်နေ့ ၊ ညနေပိုင်း ၅း၄၅ အချိန်တွင် ၀င်ရောက်ဖမ်းဆီးရာ စောခွန်သက်ထွန်း၊ စည်သူ၊ ကျော်သူ၊ စံဂျေး တို့  (၄) ဦးကို မူးယစ်ဆေးဝါး၊ သုံးစွဲရန်ပိုက်များနှင့်အတူဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့ အသုံးပြု သည့် ဖျာအောက်မှ ဓါး (၂)ချောင်းကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ရဲတပ်ဖွဲ့ အနေနဲ့  ဓါးခုတ်တရားခံတွေဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ ရှာဖွေရေးအဖွဲ့  (၆)ဖွဲ့ နဲ့  နယ်မြေအတွင်း တုတ်၊ဓါးလက်နက်တွေစစ်ဆေးခဲ့ပါတယ်။ အရပ်ဝတ်အဖွဲ့ တွေနဲ့ လည်း ဓါးကိုင်ရမ်းကားတတ်သူတွေကို အသွင်ယူ စောင့်ကြည့်ခဲ့ပါတယ်။ နေ့ စဉ်လည်း တပ်ဖွဲ့ဝင်တွေအားလုံးကိုထုတ်နူတ်ပြီး ဆိုင်ကယ်လှည့်ကင်း၊ ယာဉ်တင်လှည့် ကင်း တွေကို အခင်းဖြစ်လေ့ဖြစ်ထရှိတဲ့အချိန်နဲ့နေရာတွေမှာ လက်ယှက်ထိုးလှည့်လည်ထိန်းသိမ်းခဲ့သလို မသင်္ကာ တဲ့ နေအိမ်တွေကိုလည်း နံနက် (၀၂း၀၀) အချိန်နောက်ပိုင်း ၀င်ရောက်စီးနင်းရှာဖွေခဲ့တဲ့အတွက် ဆိုးသွမ်းလူငယ် (၈) ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်ဟု ရဲမှူးကြီးအောင်မြတ်မိုး က ပြောပြသည်။

ဒါပေမယ့် ပြစ်မှုကျူးလွန်သူတွေက နယ်မြေအတွင်းမှာ အမည်မကျော်ကြားတဲ့ ရွက်ပုန်းသီးလူငယ်တွေဖြစ်နေတော့ သူတို့ ကိုဖော်ထုတ်ရာမှာ အများကြီးအားစိုက်ထုတ်ခဲ့ရပါတယ်။ ဒ့ါအပြင် ကျူးလွန်ခံရသူများကလည်း ဖြစ်စဉ်အမှန် ကို ထိန်ချန်ပြောဆိုနေတာတွေရှိသလို ပြောလိုစိတ်မရှိတာတွေလည်း ဖြစ်ပေါ်နေတဲ့အတွက် တရားခံကိုဖော်ထုတ် ရာမှာ နှောင့်နှေးကြန့် ကြာမှုတွေ ရှိလာတတ်ပါတယ်ဟု ၄င်းက ပြည်သူပူးပေါင်းဆောင်ရွက်ရန်အရေးကြီးကြောင်း ထောက်ပြပြောကြားသည်။

ဖမ်းဆီးရမိထားသော လူငယ် (၈) ဦးကို လားရှိုးမြို့ မရဲစခန်း၌ (ပ)၁၃၂/၁၆၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုးတောင်ဝင့်
ကမ္ဘောဇတိုင်းသတင်းဂျာနယ်
https://www.facebook.com/kanbawzatai
လားရှိုးမြို့ ပေါ်ရပ်ကွက်များအတွင်း ဓါးကိုင်ပြစ်မှုကျူးလွန်နေသူများအား ဖမ်းဆီးရမိ  လားရှိုးမြို့ ပေါ်ရပ်ကွက်များအတွင်း ဓါးကိုင်ပြစ်မှုကျူးလွန်နေသူများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 06:39 Rating: 5
Powered by Blogger.