မော်လမြိုင်-ရေး ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ ရှစ်ဦး ဒဏ်ရာရ


သံဖြူဇရပ် မေ ၂၂

မော်လမြိုင်မှ ရေးမြို့သို့ ထွက်ခွာ လာသော ယာဉ်မောင်း မင်းမင်း(၃၄နှစ်)မောင်းနှင်သည့် ရွှေဝါဖူးခရီးသည်တင် မှန်လုံယာဉ် အမှတ်9B/----သည် မေ၂၁ ရက် ညနေ ၃ နာရီက သံဖြူဇရပ် မြို့အပြင် ဝဲသွန်ချောင်ကျေးရွာအလွန် မိုင်တိုင် အမှတ် (၄၇/၂) အရောက်တွင် ယာဉ် ကိုအရှိန်မထိန်းနိုင်ဘဲ လမ်းမ အလယ်၌ ကန့်လန့် ဖြတ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါယာဉ်ပေါ်တွင် ခရီးသည် ၁၈ ဦးခန့်ပါရှိပြီး ယာဉ်တိမ်းမှောက်မှု ကြောင့် ကိုရင်တစ်ပါးနှင့် ယာဉ်မောင်း မင်းမင်းအပါအဝင် အမျိုးသား သုံးဦး၊ အမျိုးသမီး ငါးဦး ဒဏ်ရာများရရှိပြီး သံဖြူ ဇရပ်မြို့နယ် ပြည်သူ့ဆေးရုံနှင့် မော် လမြိုင် ပြည်နယ်ဆေးရုံသို့  ပို့ဆောင်ပေးခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် မောင်း မင်းမင်း(၃၄နှစ်)အား သံဖြူ ဇရပ်ရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ