ဖါးကန့်မှာ ပေါက်ကွဲမှု ထပ်ဖြစ်


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာမှာ မနေ့ညက ပေါက်ကွဲမှု သုံးကြိမ် နဲ့ ဒီကနေ့ မနက်ပိုင်းမှာ ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ဆိပ်မူအခြေစိုက် တပ်မတော်စစ်တပ်ကုန်း၊ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ရုံး နဲ့ မော်လကင် ရွာတွေဘက်မှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဆိပ်မူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ရက်နေ့ကစပြီး ဒီကနေ့အထိ ဆိပ်မူရွာတ၀ိုက်မှာ ပေါက်ကွဲမှု ၁၆ ကြိမ်လောက်ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေကို ဆက်သွယ်မေးမြန်းပေမယ့် ဖြေကြားဖို့ ငြင်းဆိုပါတယ်။
အဲဒီပေါက်ကွဲမှုတွေကြောင့် ဆိပ်မူကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မီးသတ်ကားတစ်စီးနဲ့ မော်တော်ယာဉ်တချို့လည်း ပျက်စီးခဲ့ပါတယ်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အရှေ့မြောက်ဘက် ၁၀ မိုင်ကျော်အကွာမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်ရင်း ၆ တပ်ဖွဲ့တွေအကြား ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကစပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
ဖါးကန့်မှာ ပေါက်ကွဲမှု ထပ်ဖြစ်  ဖါးကန့်မှာ ပေါက်ကွဲမှု ထပ်ဖြစ် Reviewed by THITHTOOLWIN on 17:15 Rating: 5
Powered by Blogger.