ကမ္ဘာ့ပုံစံ အဆိုးရွားဆုံ သရဲမြို့တော်


11May2016 7day

နေပြည်တော်သည် ကမ္ဘာ့ပုံစံ အဆိုးရွားဆုံးမြို့တော် ကိုးမြို့အနက် တစ်မြို့ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်အခြေစိုက် Thrillist မီဒီယာ ကုမ္ပဏီက လတ်တလောထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

ပြီးခဲ့သည့်ဆယ်နှစ်အတွင်း နေပြည်တော်သည် နယူးယောက်မြို့ အရွယ်အစားထက် အကြမ်းဖျင်းခြောက်ဆ ပိုမိုကြီးမားလာပြီး လမ်း ၂၀ သွား အဝေးပြေးလမ်းမကြီးများ၊ ဝိုင်ဖိုင်ကွန်ရက်များဖြင့် မြို့တော်ကို လွှမ်းခြုံထားသည်။

သို့သော် နေပြည်တော်သည် အစိုးရအရာရှိများကလွဲ၍ အခြားမည် သူမျှ နေထိုင်မှုမရှိသော သီးခြားထီးတည်း ဝေးလံခေါင်ဖျားရာ အရပ်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ထုတ်ပြန်ထားသော လူဦးရေ အရေအတွက်မှာ ကိုးသိန်းခန့် ရှိသည်ဟုဆိုသော်လည်း ယင်း ကိန်းဂဏန်းမှာ လုပ်ဇာတ်ခင်းချဲ့ ကားထားသည့် အရေအတွက် သာဖြစ်ကြောင်း လူအများက ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူကြသည်။

နေ့တစ်နေ့၏ အလုပ်အများဆုံး အချိန်ကာလများတွင်ပင် နေပြည်တော် လမ်းမကျယ်ကြီးများသည် လူသူမရှိ ဟာလာဟင်းလင်း ဗလာကျင်း ဖြစ်နေသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

‘‘မြို့တော်တွေဟာ လူတွေ နေထိုင်ကြဖို့ဖြစ်တယ်ဆိုရင် မြန် မာနိုင်ငံရဲ့ မြို့တော်သစ်ကတော့ ဒီအခြေအနေအတိုင်းဆို အကြီး အကျယ် သတင်းကြီးနေတဲ့ မ အောင်မြင်ကျဆုံးမှုပါပဲ။ တကယ် အတည်ပြောတာပါ။ တစ်ခါတလေ ပဲ့တင်ထပ်သံတွေကိုတောင် ခင်ဗျားကြားနိုင်တယ်။ လူမရှိ သူ မရှိ ဟင်းလင်းကြီးပါ’’ဟု Thrillist က ရေးသားထားသည်။


ပုံစံဆိုးရွားမှုအဖြစ် သတ်မှတ်နိုင်ရန် ကမ္ဘာ့အကြီးဆုံး မြို့တော်များအနက် အချို့၏ အပြစ်အနာအဆာများကို မီးမောင်းထိုး ပြရန် မြို့ပြစီမံကိန်း ရေးဆွဲသူ မြောက်မြားစွာ၏ထင်မြင်မှု ဆန်း စစ်သုံးသပ်ချက်များကို Thrillist က မေးမြန်းရယူခဲ့သည်။

ထိုစစ်တမ်းမှတစ်ဆင့်ရရှိသော ကမ္ဘာ့ပုံစံအဆိုးရွားဆုံး မြို့တော် ကိုးမြို့မှာ အင်ဒိုနီးရှား၏ ဂျကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု၏ ဒူဘိုင်း၊ အမေရိကန်ပြည်ထောင်စု၏ အတ္တလန်တာ၊ မြန်မာ၏ နေပြည်တော်၊ ဘရာဇီး၏ ဆော်ပေါ်လို၊ အမေရိကန်ပြည်ထောင်စု၏ ဘော်စတွန်၊ ဘရာဇီး၏ ဘရာစီးလီးယား၊ အမေရိကန်ပြည်ထောင်စု၏ မစ်ဇူးလားနှင့် ဘင်္ဂလားဒေ့ရှ်၏ ဒါကာတို့ ဖြစ်ကြသည်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
ကမ္ဘာ့ပုံစံ အဆိုးရွားဆုံ သရဲမြို့တော်  ကမ္ဘာ့ပုံစံ အဆိုးရွားဆုံ သရဲမြို့တော် Reviewed by THITHTOOLWIN on 16:48 Rating: 5
Powered by Blogger.