သေနတ်နဲ့ ပစ်သတ်ခံရသူ နှစ်ဦးကိစ္စ လူအခွင့်ရေးကော်မရှင် စစ်ဆေး

မွန်ပြည်နယ် ရေးမြို့နယ် မန်ကျည်းချောင်းဝကျးရွာက ပစ်သတ်ခံခဲ့ရတဲ့ ဒေသခံနှစ်ဦးအတွက် ၁ လပြည့် ဆုတောင်းပွဲ ကို ရေးမြို့ ရွှေစံတော်ဘုရားမှာ ဧပြီလ ၈ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ Photo: Kyaw Htoon Naing/RFA
မွန်ပြည်နယ် ရေးမြို့နယ်၊ မန်ကျည်းချောင်းဝကျေးရွာမှာ တပ်မတော်အရာရှိတစ်ဦးက သေနတ်နဲ့ ပစ်ခတ် ခဲ့လို့ ဒေသခံ ၂ ဦး သေဆုံးရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူအခွင့်ရေးကော်မရှင်က သွားရောက် စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကနေ ဒီနေ့အထိ ၃ ရက်ကြာ မေးမြန်းခဲ့တာဖြစ်ပြီး ဒေသခံ ၁၄ ဦး နဲ့ ခေါဇာ စခန်းမှူး၊ စစ်ဘက်က တပ်ရင်းမှူးကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဥာဏ်ဇော် က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ညက မကျည်းချောင်းဝကျေးရွာသား တံငါသည် ကိုမိုးနဲ့ ကိုချစ်စိုးတို့ဟာ ခရလ ၂၈၀ က ဗိုလ်ကြီး ဇော်မျိုးထက် က သေနတ်နဲ့ ပစ်ခတ်တာကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒေသခံ နှစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ခလရ ၂၈၀ က ဗိုလ်ကြီး ဇော်မျိုးထက်ဟာ မှားယွင်းပစ်ခတ်မိ တာဖြစ်ကြောင်း၊ ခေါဇာမြို့နယ်ခွဲ ရဲစခန်းမှာ ၀န်ခံထားပြီး စစ်ဖက်ဆိုင်ရာခုံရုံးထံ အရေးယူပေးဖို့ လွှဲပြောင်းပေးထားပါတယ်။

ဒီကိစ္စကို တရားမျှတစွာ ဖြေရှင်းပေးဖို့ ဒေသခံ ကျေးရွာသားတွေက ဆုတောင်းပွဲ ၂ ကြိမ်ကျင်းပခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
သေနတ်နဲ့ ပစ်သတ်ခံရသူ နှစ်ဦးကိစ္စ လူအခွင့်ရေးကော်မရှင် စစ်ဆေး  သေနတ်နဲ့ ပစ်သတ်ခံရသူ နှစ်ဦးကိစ္စ လူအခွင့်ရေးကော်မရှင် စစ်ဆေး Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.