နေပြည်တော်၊ မေ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကျွန်းပင်သာကျေးရွာအနီး၌ မေလ (၂၅)ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်မှ ၃၀ မိနစ်အထိ သေနတ်ပစ်ခတ်သံများ ကြားသိရသဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင် သောအဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ကျွန်းပင်သာကျေးရွာအနီးရှိ နန့်တလက်ချောင်းတံတား၏ ရေလယ်တိုင်လေးတိုင်မြောက် အောက်ခံသံပေါင်၌ အကျယ် ၄ လက်မ အနက် ၁ လက်မခန့်ရှိ ချိုင့်ဝင်အရာ တစ်ခုနှင့် လက်နက်ငယ်ကျည် ထိမှန်ထားသည့်အရာများကို စစ်ဆေးတွေ့ရှိရသည်။
ထို့ပြင် တံတား၏အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာ၌ ၈၄ မမ ကျည်ခွံငါးခု၊ ၇ ဒသမ ၆၂ ကျည်ခွံ ၁၇၈ ခု၊ ၃၀ မမ ကျည်ခွံ ၃၆ ခုနှင့် ၃၀ မမ ကျည်ခါးပတ်တွဲနှစ်တွဲတို့အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။ တွေ့ရှိ ကျည်ခွံများအရ တစ်ဖက်အိန္ဒိယနိုင်ငံ တပ်မတော်နှင့် အခြားအစိုးရ ဆန့်ကျင်လက်နက်ကိုင် အဖွဲ့အစည်းများ အသုံးပြုသည့် ခဲယမ်းအမျိုးအစားများဖြစ်၍ တစ်ဖက်နိုင်ငံသို့ ကန့်ကွက် စာပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြ၀တီ
https://www.facebook.com/mwdmedia
တမူးမြို့နယ် ကျွန်းပင်သာရွာအနီးရှိ နန့်တလက်ချောင်းတံတားအား ပစ်ခတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
15:28
Rating: