တပ်ကုန်းမြို့တွင် ဆိုင်ကယ်အား ကားဝင်တိုက် ဆိုင်ကယ်စီးလာသူ ညီအစ်မနှစ်ဦး သေဆုံး


 တပ်ကုန်းမြို့တွင် ဆိုင်ကယ်အား ကားဝင်တိုက် ဆိုင်ကယ်စီးလာသူနှစ်ဦး သေဆုံး

တပ်ကုန်း မေ ၁

နေပြည်တော် တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် (၂၇၇/၁)နှင့် (၂၇၇/၂)ကြားရှိ ရှားပင်ဆိပ်မီးပွိုင့်တွင် ယနေ့ ညနေပိုင်းက ဆိုင်ကယ်အား ခြောက်ဘီးယာဉ်ဝင်တိုက်ရာ ဆိုင်ကယ် စီးလာသူညီအစ်မနှစ်ဦး သေဆုံးခဲ့ကြောင်း တပ်ကုန်းမြို့နယ် ရဲစခန်းမှ သိရသည်။


ယနေ့ ညနေ ၃ နာရီတွင် ဆရာစံ ရပ်ကွက်ဘက်မှ ရှားပင်ဆိပ်မီးပွိုင့်သို့ ဖြတ်သန်းရန် စောင့်ဆိုင်းနေသည့် Sambo 125 ဆိုင်ကယ်အား ရှန်လုံ ခြောက်ဘီးယာဉ် 1E/----- က ဝင်တိုက်ရာ ဆိုင်ကယ်စီးနင်းလာသည့် မမေသင်္ကြန်(၂၃)နှစ်နှင့် မမိုးစန္ဒာထွေး (၁၉)နှစ်တို့သည် အခင်းဖြစ်ပွားရာ တွင်သေဆုံးခဲ့ပြီး ယာဉ်မောင်းမှာ ကားမောင်းထွက်ပြေးသွားခဲ့သည်။


သို့ဖြစ်၍ တပ်ကုန်းရဲစခန်းမှ ရဲအုပ် ထွန်းနိုင်မြင့်က ယာဉ် ပ/၂၇/၂ဝ၁၆၊ ပြစ်မှုပုဒ်မ ၃ဝ၄/က/၂ဝ၂ ဖြင့် အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးရာ ပြစ်မှု ကျူးလွန်သူ ဇေယျာသီရိမြို့နယ် မယင်းကြီးကျေးရွာနေ ယာဉ်မောင်း ကိုပေါက်(၂၆)နှစ်အား အမြန်လမ်းမ ကြီးပေါ်တွင် ည ၉ နာရီခွဲက ဖမ်းဆီးမိခဲ့ကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

(သန့်ဇင်ဝင်း)
The Mirror Daily
ဓါတ်ပုံ ။  ။ တင်ဦးမြင့် ကိုဦး (facebook)
https://www.facebook.com/TheMirrorDaily

တပ်ကုန်းမြို့တွင် ဆိုင်ကယ်အား ကားဝင်တိုက် ဆိုင်ကယ်စီးလာသူ ညီအစ်မနှစ်ဦး သေဆုံး  တပ်ကုန်းမြို့တွင် ဆိုင်ကယ်အား ကားဝင်တိုက် ဆိုင်ကယ်စီးလာသူ ညီအစ်မနှစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 08:09 Rating: 5
Powered by Blogger.