ဆူးလေစေတီသို့ ဗုဒ္ဓရုပ်ပွားတော်ပုံ ထမိန်စကပ်ဖြင့် တက်ရောက်ခြင်းအား ဘုရားဖူးပြည်သူများမှ တားမြစ်ခဲ့


ယနေ့ မေ ၁၈ ရက် မနက်ပိုင်းက ဆူးလေစေတီတော်ပေါ်သို့ ဗုဒ္ဓရုပ်ပွားတော်ပုံအား ရိုက်နှိပ်ထားသည့် ထမိန်စကပ်ဖြင့် တက်ရောက်သည့် နိုင်ငံခြားသူ ၂ ဦးအား ဘုရားဖူးပြည်သူများမှ တားမြစ်ကာ ဘုရားပေါ်မှဆင်းခိုင်းခဲ့သည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သည်။


အဆိုပါနိုင်ငံခြားသူ ၂ ဦးသည် စကားပြန်ပါလာခြင်းမရှိဘဲ ဘုရားပေါ်သို့ တက်လာပြီးဘုရားဖူးပြည်သူများက ရှင်းပြရာ မသိ၍ ဝတ်ဆင်ခဲ့ခြင်းဖြစ်ပြီး Sorry ဟု တောင်းပန်သွားကာ ဘုရားပေါ်မှ ပြန်လည်ဆင်းသွားကြောင်း တားမြစ်ခဲ့သူတစ်ဦးက MCNA ကိုပြောပြသည်။

ဘုရားပေါ်တွင် ဂေါပကအား ပြောပြရန်ရှာသော်လည်း မတွေ့ရှိသည့်အတွက် ယခုလိုတာဝန်သိပြည်သူများက တားမြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ - ခင်မျိုးလှ
Myanmar Citizen News Agency
ဆူးလေစေတီသို့ ဗုဒ္ဓရုပ်ပွားတော်ပုံ ထမိန်စကပ်ဖြင့် တက်ရောက်ခြင်းအား ဘုရားဖူးပြည်သူများမှ တားမြစ်ခဲ့  ဆူးလေစေတီသို့ ဗုဒ္ဓရုပ်ပွားတော်ပုံ ထမိန်စကပ်ဖြင့် တက်ရောက်ခြင်းအား ဘုရားဖူးပြည်သူများမှ တားမြစ်ခဲ့ Reviewed by THITHTOOLWIN on 06:55 Rating: 5
Powered by Blogger.