သိမ်ဖြူလမ်းမီးပွိုင့်တွင် သံတုတ်များဖြင့် ရမ်းကားသည့် ကားသမားနှင့် စပယ်ယာများ



Facebook လူမှုကွန်ရက်ပါ ခရီးသည်တင်ယာဉ်(၂)စီး ခိုက်ရန်ဖြစ်ပွား
ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဥပဒေအရအရေးယူဆောင်ရွက်
လျက်ရှိ

ရန်ကုန်၊ မေ ၉

၈.၅.၂၀၁၆ ရက်နေ့တွင် Facebook လူမှုကွန်ရက်စာမျက်နှာများ၌ ယင်းနေ့
၁၁၄၅ အချိန်တွင် အနော်ရထာလမ်းနှင့် သိမ်ဖြူလမ်းမီးပွိုင့်၌ အနောက်ပိုင်း
ခရိုင်အထူး၊ ယာဉ်လိုင်းအမှတ်(၁၀၂)မှ ယာဉ်အမှတ် 1C – 6820 ခရီးသည်
တင်ယာဉ်ကြီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့(၃)ဦးသည် တစ်ဖက်
ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့အား
သံတုတ်အရှည်(၃)ချောင်းဖြင့် လိုက်ရိုက်ခဲ့ကြကြောင်း၊ အရိုက်ခံရသူများမှာ
အနီးရှိ ခရစ်ယာန်ဘုရားကျောင်းထဲသို့ ၀င်ပြေးသွားကြကြောင်း၊ ထိတဲ့
သူလဲရှိနိုင်ကြောင်းစသည်ဖြင့် ရေးသားသတင်းပေးလာသည်ကိုတွေ့ရှိ
ရပြီး၊ ယင်းဖြစ်စဉ်သတင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးတို့ ကြည့်ရှုလေ့လာနိုင်ရန်ဟု
ထပ်ဆင့်သတင်းပေးရေးသားဖော်ပြခဲ့သည်ကိုတွေ့ရှိရပါသည်။


အဆိုပါဖြစ်စဉ်သတင်းအား သိရှိရသည်နှင့်တစ်ပြိုင်နက် ရဲတပ်ဖွဲ့ဝင်များက
စုံစမ်းစိစစ်မှုများဆောင်ရွက်ခဲ့ရာ အဆိုပါအချင်းများကြသည့် ခရီးသည်တင်
ယာဉ်(၂)စီးမှာ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ၊
ဌာနခွဲ(၁)မှ ယာဉ်လိုင်းတူ ခရီးသည်တင်ယာဉ်များဖြစ်ကြောင်း၊ 1C-6820
ယာဉ်၏ ယာဉ်မောင်းမှာ မင်းနိုင်၊ ယာဉ်နောက်လိုက်တို့မှာ ရဲနိုင်စိုးနှင့်နေနိုင်
တို့ဖြစ်ကြောင်း၊ ၎င်းတို့နှင့်အချင်းများသည့် တစ်ဖက်ယာဉ်မှာ 1C-1894
ယာဉ်ဖြစ်ပြီး ယာဉ်မောင်းမှာ နိုင်လင်း၊ ယာဉ်နောက်လိုက်များမှာ
ဟိန်းသီဟနိုင်နှင့် စန်းမြတ်မောင်မောင်တို့ဖြစ်ကြကြောင်း၊ ၎င်းတို့သည်
ဗိုလ်တထောင်မြို့နယ်၊ အနော်ရထာလမ်းနှင့်(၄၆)လမ်းထောင့် ကားမှတ်တိုင်
၌ ခရီးသည်အတင်အချပြုလုပ်ကြရာတွင် 1C-6820 ယာဉ်မှ ရှေ့မှပိတ်၍
ရပ်ခဲ့သဖြင့် စကားများခဲ့ကြကြောင်း၊ ယင်းနောက်အခင်းဖြစ်နေရာ
အနော်ရထာလမ်းနှင့် သိမ်ဖြူလမ်းဆုံမီးပွိုင့်အရောက် 1C-6820 ယာဉ်မောင်း
နှင့် ယာဉ်နောက်လိုက်(၂)ဦးတို့က ယာဉ်ပေါ်တွင်ပါလာသည့် သံတုတ်
များဖြင့် 1C-1894 ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၂)ဦးတို့အား လိုက်လံ
ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်လိုင်း
ဌာနခွဲ(၁)မှတာဝန်ရှိသူများက နှစ်ဖက်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်
တို့အားခေါ်ယူတွေ့ဆုံ၍ နောင်တွင်အလားတူ ခိုက်ရန်ဖြစ်ပွားပါက
ယာဉ်လိုင်းမှ ရာသက်ပန်ထုတ်ပယ်မည်ကိုလက်ခံကြကြောင်း ခံဝန်ကတိ
လက်မှတ်ရေးထိုးစေခဲ့ကြောင်း၊ နှစ်ဖက်ညှိနှိုင်းပြေလည်မှုရရှိခဲ့ကြောင်း၊
ယာဉ်မောင်းနိုင်လင်းတွင် ဦးခေါင်းယာဘက် ချိုစောင်း၌ ဒဏ်ရာရရှိခဲ့၍
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာအဖြစ် ဆေးကုသခဲ့ကြောင်း သိရှိ
ရပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေး
ကော်မတီ၊ ဌာနခွဲ(၁)မှ နောင်အလားတူ ခိုက်ရန်ဖြစ်ပွားမှုမျိုးမဖြစ်စေရန်
ခံဝန်ချုပ် ချုပ်ဆိုထားရှိသော်လည်း ခရီးသည်တင်ယာဉ်(၂)စီးစလုံးမှ
ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များသည် တရားဥပဒေစိုးမိုးရေး၊
ရပ်ရွာအေးချမ်းသာယာရေးကိုထိခိုက်စေခဲ့ပြီး ပြည်သူများအထိတ်တလန့်
ဖြစ်စေခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ၎င်းတို့အား သက်ဆိုင်ရာ
ဥပဒေများအရ အရေးယူဆောင်ရွက်လျက်ရှိပါသည်။


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေး
လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍
အချိန်နှင့်တပြေးညီ စုံစမ်းဆောင်ရွက်နိုင်ရေးအတွက် လူမှုကွန်ရက်မှ
ယင်းကဲ့သို့သတင်းပေးရေးသားဖော်ပြခဲ့သည့်ပြည်သူများအား ရန်ကုန်
တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
သိမ်ဖြူလမ်းမီးပွိုင့်တွင် သံတုတ်များဖြင့် ရမ်းကားသည့် ကားသမားနှင့် စပယ်ယာများ  သိမ်ဖြူလမ်းမီးပွိုင့်တွင် သံတုတ်များဖြင့် ရမ်းကားသည့် ကားသမားနှင့် စပယ်ယာများ Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.