ထိုင်းနိုင်ငံက တရားမ၀င် မီးရှုးမီးပန်း စက်ရုံပေါက်ကွဲ မှုမှာ မြန်မာလုပ်သား(၆)ဦး သေဆုံးခဲ့


မေလ(၅)ရက် နေ့ညပိုင်းက ထိုင်းနိုင်ငံမှာ တရားမ၀င် မီးရှုးမီးပန်း ထုတ်လုပ်တဲ့ စက်ရုံပေါက်ကွဲ မှုဖြစ်ပွားပြီး မြန်မာလုပ်သား(၆)ဦးသေဆုံးခဲ့တယ်လို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။ Suphan Buri ပြည်နယ် ၊ U Thong ခရိုင်အတွင်းမှာရှိတဲ့စက်ရုံ ပေါက်ကွဲခဲ့တာဖြစ်ပြီး သေဆုံးသူ(၆)ဦးဟာ မြန်မာလုပ်သားတွေဖြစ်တယ်လို့ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။

 ပေါက်ကွဲမှုဖြစ်စဉ်ဟာ ည (၉)နာရီအချိန်လောက်မှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ U Thong ခရိုင်ရဲတပ်ဖွဲ့က ဆိုခဲ့ပါတယ်။ ဖြစ်စဉ်ဖြစ်ပွားအပြီးမှာ ရဲတွေ ၊ စစ်သားတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်သားတွေက အလျင်အမြန်သွားရောက် ခဲ့တယ်လို့လည်း ဆိုပါတယ်။

 သူတို့ရဲ့ အဆိုအရ ဖြစ်စဉ်အတွင်း မြန်မာ အမျိုးသား (၄) ဦးနဲ့ အမျိုးသမီး (၂) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မပေါက်ကွဲသေးတဲ့ မီးရူးမီးပန်းအပိုင်းအစတွေကလည်း နေရာ အနှံ့ပြန့်ကျဲနေတယ်လို့ တွေ့ရှိသူတွေက ပြောကြားခဲ့ပါတယ်။

 သေဆုံးသူ (၆)ဦးအနက် သုံးဦးကိုသာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကာ အကုန်လုံးမှာ အလုပ်လုပ်ခွင့်ပါမစ်တွေရှိတယ်လို့ Suphan Buri ရဲတပ်ဖွဲ့ရဲ့ ဒုတိယအရာရှိချုပ်က ပြောကြားခဲ့ပါတယ်။ စက်ရုံပိုင်ရှင်ကိုလည်း အတည်ပြုနိုင်ခဲ့ပြီး စစ်ဆေးမှုနဲ့စွဲချက်တင်မှုတွေပြုလုပ်ဖို့ စာထုတ်ထားတယ် လို့လည်း သိရပါတယ်။

 အဲဒီမြေနေရာအပါအ၀င် ဆက်စပ်နေရာတွေဟာ အငြိမ်းစားတပ်မတော်အရာရှိ တစ်ဦးပိုင်ဆိုင်ခဲ့တာဖြစ် ပြီးအဲဒီအရာရှိက တစ်စုံတစ်ဦးကို ထပ်မံဌားရမ်းခဲ့တာဖြစ်တယ်လို့လည်း ရဲအရာရှိတစ်ဦး ကပြောကြားခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေအနေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို အကူအညီပေးနိုင်ဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့လည်း ဆက်သွယ်မှုတွေပြုလုပ်နေတယ်လို့ Bangkok Post ကရေးသားထားပါတယ် ။

Photo From ...........Bangkok Post
5 Plus News
https://www.facebook.com/5-Plus-News
ထိုင်းနိုင်ငံက တရားမ၀င် မီးရှုးမီးပန်း စက်ရုံပေါက်ကွဲ မှုမှာ မြန်မာလုပ်သား(၆)ဦး သေဆုံးခဲ့ ထိုင်းနိုင်ငံက တရားမ၀င် မီးရှုးမီးပန်း စက်ရုံပေါက်ကွဲ မှုမှာ မြန်မာလုပ်သား(၆)ဦး သေဆုံးခဲ့ Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.