နမ္မတီးမြို့ လမ်းဘေးတွင် (၁၈)နှစ်အရွယ် မိန်းကလေးတစ်ဦး၏ အလောင်း တွေ့ရှိ



မိုးကောင်း ၊ မေ - ၁၉

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့တွင် ၁၈.၅.၂၀၁၆ ရက်နေ့ ညအချိန်တွင် နမ္မတီးမြို့၊ တိန်းဖာတောင် အကျော်၊ မိုးကောင်းချောင်း တစ်ဖက်ကမ်း မြေပဲခင်းသွားရာ လမ်းဘေးတွင် (၁၈)နှစ်အရွယ် မိန်းကလေးတစ်ဦး၏ အလောင်း တွေ့ရှိ၍ တာဝန်ရှိသူတစ်ဦးမှ လာရောက် သတင်း ပို့သောကြောင့် နမ္မတီးမြို့ ကုသိုလ်ဖြစ် လူမှုကူညီရေးအသင်းမှ သွားရောက် သယ်ဆောင်ပြီး နမ္မတီးဆေးရုံသို့ ပို့ဆာင်ပေးခဲ့ကြောင်း သတင်း ရရှိထားပါသည်။


သေဆုံးသူအမျိုးသမီးမှာ၊ မအေဆန်း(၁၈)နှစ်(ဘ)ဦးလှမောင်၊ (မိ)ဒေါ်ထွေး၊ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ မြို့မရပ်ကွက်(သစ္စာအုပ်စု) တွင် နေထိုင်သူဖြစ်ကြောင်း နောက်ဆက်တွဲ သတင်းအရ သိရှိရပါသည်။

သတင်းနှင့်ဓါတ်ပုံ ကုသိုလ်ဖြစ်လူမှု့ကူညီရေးအသင်း (နမ္မတီး)

မိုးကောင်းသတင်း

နမ္မတီးမြို့ လမ်းဘေးတွင် (၁၈)နှစ်အရွယ် မိန်းကလေးတစ်ဦး၏ အလောင်း တွေ့ရှိ  နမ္မတီးမြို့ လမ်းဘေးတွင် (၁၈)နှစ်အရွယ် မိန်းကလေးတစ်ဦး၏ အလောင်း တွေ့ရှိ Reviewed by THITHTOOLWIN on 08:00 Rating: 5
Powered by Blogger.