မြန်မာ့အနာဂတ်အတွက် အားတက် မိကြောင်း စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး ပြောကြား

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Dr. Vivian Balakrishnan နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ မေလ ၁၈ ရက်နေ့ က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပူးတွဲသတင်းစာရှင်းလင်းစဉ်။ Photo: Ministry of Foreign Affairs Myanmar/ Facebook
မြန်မာနိုင်ငံရဲ့ ရှေ့ရေးအနာဂတ်ဟာ အများကြီး မျှော်လင့်စရာရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန်ဘာလာ ခရစ်ရှနန်က ပြောကြားလိုက်ပါတယ်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အလားအလာ အင်မတန်ကောင်းမွန်နေပြီး၊ တိုင်းပြည်ကို အပြုသဘောဆောင် လမ်းကြောင်းမှန်ပေါ်ရောက်စေချင်တဲ့ဆန္ဒ အားလုံးမှာရှိနေကြတာကြောင့် မြန်မာပြည်သူတွေ ထိုက်တန်တဲ့အကျိုး ခံစားရမှာပါလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက သုံးရက်တာ မြန်မာပြည်ခရီးစဉ်အပြီး သူရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟာ ခရီးစဉ်အတွင်း နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်နဲ့ ကိစ္စရပ်အတော်များများ ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အတွက် အများကြီးပေးဆပ်ခဲ့တဲ့ ကြည်ညိုလေးစားဖွယ်၊ အတုယူဖွယ် ပုဂ္ဂိုလ်ဖြစ်ပါတယ်၊ အခုလို အထိမခံ အလွန်သိမ်မွေ့လှတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းဆဲကာလမှာ သူရင်ဆိုင်နေ ရတဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေက အလွန်ပဲများလှပါတယ်၊ စင်္ကာပူနိုင်ငံအနေနဲ့ မြန်မာ့ အနာဂတ် တိုးတက်ရေး အတွက် တတ်နိုင်တဲ့နေရာက ဆက်လက်ကူညီသွားမှာဖြစ်ပါတယ်လို့လည်း စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးက ရေးသားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မြန်မာ့အနာဂတ်အတွက် အားတက် မိကြောင်း စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး ပြောကြား  မြန်မာ့အနာဂတ်အတွက် အားတက် မိကြောင်း စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး ပြောကြား Reviewed by THITHTOOLWIN on 09:02 Rating: 5
Powered by Blogger.