ဆီဘောက်ဆာယာဉ် ချောက်ထဲထိုးကျတိမ်းမှောက်ပြီး မီးလောင်မှုကြောင့် (၂)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရ

ယခု မီးလောင်တဲ့ ကားရဲ့ ဓါတ်ပုံ မဟုတ်ပါ။ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ 
၂၀၁၆ ခုနှစ်၊ မေလ ၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ပဒူမုန်း-နန်စီပွန်ကားလမ်း၊ ငှက်ပျောတောရပ်တွင် ယာဉ်တိမ်းမှောက်၍ မီးလောင်မှုကြောင့် လူ (၂)ဦး မီးလောင် သေဆုံးပြီး (၂) ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုအား ခန္တီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာမှာ ပဒူမုန်းရွာ ဆိပ်ကမ်းမှ မုံရွာမြို့နယ်၊ တောင်မတောရွာနေ ရေလှိုင်း(၃၃)နှစ်မောင်းနှင်ပြီး ဒီဇယ်ဂါလန်(၃၀၀၀)တင်ဆောင်လာသည့် ၅ခ/××××UD-NISSAN အစိမ်းရောင် ဆီဘောက်ဆာ(၁၀)ဘီးယာဉ်သည် ဘရိတ်ပေါက်ကာ လမ်းဘေးချောက်ထဲသို့ ထိုးကျ တိမ်းမှောက်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ပေါက်မြို့နယ်၊ မန်ကျည်းပင် ရွာနေ ကျော်မင်းစန်း(၁၈)နှစ်နှင့် နောင်ချိုမြို့၊ ရွေးရပ်ကွက်နေ ရှောက်ရွှန်း(၂၅)နှစ်တို့တွင် မီးလောင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့သည်။

 ယာဉ်မောင်း ရေလှိုင်းနှင့် ဓာတ်စိန် တို့တွင် နာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ရေလှိုင်း အား ခန္တီးမြို့မရဲစခန်း ယာဉ် (ပ)၆/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

သစ်ထူးလွင်

ဆီဘောက်ဆာယာဉ် ချောက်ထဲထိုးကျတိမ်းမှောက်ပြီး မီးလောင်မှုကြောင့် (၂)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရ  ဆီဘောက်ဆာယာဉ် ချောက်ထဲထိုးကျတိမ်းမှောက်ပြီး မီးလောင်မှုကြောင့် (၂)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 18:25 Rating: 5
Powered by Blogger.