ကလေးဝမြို့နယ်မှာ ကုန်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျ တစ်ဦးပွဲချင်ပြီးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒါဏ်ရာရ


ဓါတ်ပုံ။  ။  ကိုဇော်မိုး နှင့် ကိုစစ်ငြိမ်းအောင် (facebook)

ကလေးဝမြို့နယ် (မုံရွာ-ယာကြီး-ကလေးဝ လမ်း) မိုင်တိုင်အမှတ် ၁၀၈ မိုင် ၆ ဖာလုံ သဲကြမ်းရွာအနီးတွင် ယနေ့ မေလ (၉)ရက်နေ့နံနက် ၄ နာရီခန့်က ကုန်တင်ယာဉ် ခြောက်ဘီးကားတစ်စီး ချောက်ထဲထိုးကျသွားခဲ့ပါတယ်။

ကားပေါ်မှာလူ ၂ ယောက်ပါပြီး ညီအကိုအရင်းလို့ သိရပါတယ်။ တစ်ဦးပွဲချင်ပြီးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။




သတင်းကြားကြားခြင်းပဲ ကလေးဝမြို့မှ ထွေအုပ်၊ရဲတပ်ဖွဲ့၊မီးသတ် နှင့် အခြားတာဝန်ရှိသူများ သွားရောက်ခဲ့ကြပြီး ကားခေါင်းထဲတွင် ညှပ်နေသူနှစ်ယောက်ကို ကယ်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်တဲ့အချိန် မှာပဲ အစ်ကိုဖြစ်သူမှာ အခင်းဖြစ်နေရာ ကားခေါင်းထဲမှာပဲ ညပ်ပြီးတော့ သေဆုံးနေပြီး ညီဖြစ်သူကိုတော့ အသက်မသေသေးတဲ့အတွက် မီးသတ်တပ်ဖွဲ့တွေက အချိန် ၂ နာရီလောက် ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ကြရပါတယ်။


ဓါတ်ပုံ။  ။  ကိုဇော်မိုး နှင့် ကိုစစ်ငြိမ်းအောင် (facebook)
အခု ကလေးဝမြို့ ပြည့်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ် ကားကတော့ အရာတော် ဘက်ကလို့ထပ်မံသိရပါတယ်

သစ်ထူးလွင်

ကလေးဝမြို့နယ်မှာ ကုန်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျ တစ်ဦးပွဲချင်ပြီးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒါဏ်ရာရ  ကလေးဝမြို့နယ်မှာ ကုန်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျ တစ်ဦးပွဲချင်ပြီးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒါဏ်ရာရ Reviewed by THITHTOOLWIN on 12:59 Rating: 5
Powered by Blogger.