မြန်မာ-အမေရိကန် စစ်တပ်ချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီစဉ်

အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက်အကြံပေးပုဂ္ဂိုလ် Ben Rhodes ။  Photo: AFP / Getty Images ။
မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ စစ်တပ်ချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီစဉ်နေတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော် အကြီးတန်းအရာရှိ တစ်ဦးက ပြောပါတယ်။

အရပ်ဘက်အစိုးရအဖြစ် အသွင်ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံကို အားပေးကူညီဖို့အတွက် ဘယ်လိုနေရာတွေမှာ စစ်တပ်ချင်း ထိတွေ့ဆက်ဆံ ချိတ်ဆက်ဆောင်ရွက်နိုင်မလဲဆိုတာ လွှတ်တော်နဲ့ အသေအချာ တိုင်ပင်ဆွေးနွေးနေ ပါတယ်လို့ အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက်အကြံပေးပုဂ္ဂိုလ် Ben Rhodes က ပြောဆို ခဲ့တာပါ။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာတွေထဲကတချို့ကို ဖြေလျှော့ပေးလိုက်ကြောင်း သမ္မတ အိုဘားမား က ကြေညာခဲ့အပြီး၊ နောက်တစ်ရက်မှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

နှစ်နိုင်ငံစစ်တပ်ချင်း ထိတွေ့ဆက်ဆံရေး အစီအစဉ်တွေမှာ အကြီးတန်းစစ်ဘက်၊ အရပ်ဘက်အရာရှိတွေ အပြန်အလှန်လည်ပတ်ကြတာ၊ နိုင်ငံတကာ လူ့အခွင့်အရေး၊ စစ်ရေးပဋိပက္ခဆိုင်ရာ ဥပဒေ၊ ထိတွေ့ဆက်ဆံမှု စည်းမျဉ်း တွေနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေ၊ ပစိဖိတ်ဒေသမှာ အမေရိကန်က နှစ်စဉ် ကျင်းပနေတဲ့ Cobra Gold ခေါ် ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုတွေမှုကို လေ့လာရေးတွေ ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာ့တပ်မတော်ကို အရပ်ဘက်အစိုးရအောက်မှာ စစ်တပ်ပီပီသသ ဖြစ်လာရေးအတွက် တပ်မတော်၊ သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း Ben Rhodes က ပြောဆို ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese/
မြန်မာ-အမေရိကန် စစ်တပ်ချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီစဉ်  မြန်မာ-အမေရိကန် စစ်တပ်ချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီစဉ် Reviewed by THITHTOOLWIN on 09:15 Rating: 5
Powered by Blogger.