အမြန်လမ်းတွင် မန်းရာဇာ ခရီးသည်တင်ယာဉ် တိမ်းမှောက်



၂၇-၅-၂၀၁၆ ရက်နေ့ ၁၄၃၀ အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၅/၇ နှင့်
၁၆/၀ အကြားတွင် မော်လမြိုင်မှ ရန်ကုန်သို့မောင်းနှင်လာသည့် 5G/------- မန်းရာဇာ ခရီးသည်တင်
မှန်လုံယာဉ်မှာ စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းပေါ်ရောက်ရှိ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်ပါသူ (၃၇)ဦးအနက် သံဃာ(၁)ပါး၊ ကျား(၉)ဦး မ(၁၀)ဦး ဒဏ်ရာရရှိခဲ့သဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ပိုင်ယာဉ်များဖြင့် လှည်းကူးမြို့နယ်ဆေးရုံသို့ ကူညီကယ်ဆယ် ပို့ ဆောင်ပေးလျက်ရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါသည်။







အမြန်လမ်းတွင် မန်းရာဇာ ခရီးသည်တင်ယာဉ် တိမ်းမှောက်  အမြန်လမ်းတွင် မန်းရာဇာ ခရီးသည်တင်ယာဉ် တိမ်းမှောက် Reviewed by THITHTOOLWIN on 16:51 Rating: 5
Powered by Blogger.