ထိုင်းမြန်မာနယ်စပ်က "ရေလယ်ငရဲကျွန်း "အား ပူးပေါင်းတပ်ဖွဲ့ များက ရှင်းလင်းဖမ်းဆီး


Breaking news on 26May2016

ထိုင်းမြန်မာနယ်စပ် မြ၀တီနဲ့ မဲဆောက်ကိုဆက်သွယ်ထားတဲ့ သောင်ရင်းမြစ်ကူး တံတားအောက်က ရေလယ်ကျွန်း(ငရဲသားတို့ ကျွန်း)မှာ ရှိတဲ့ ဒုစရိုက်အုပ်စုတွေ လူမှောင်ခိုကုန်ကူးနေသူတွေနဲ့  သူတွေ မူးယစ်ဆေးဝါး- ကာမစိက်ကြွှဆေး- ရောင်းနေသူတွေကို မြန်မာနိုင်ငံဘက်က နယ်စပ်ဒေသ ပူးပေါင်းတပ်ဖွဲ့ တွေ ဒီနေ့ နေ့ လည်ပိုင်းမှာ ၀င်ရောက်ဖမ်းဆီးခဲ့ ကြောင်း သိရပါတယ်။


အဆိုပါ မိုက်ကြေးခွဲ တောင်းစားနေသူတွေဟာ ထိုင်းနိုင်ငံကနေ ပြန်လာကြတဲ့ အမျိုးသမီးငယ်လေးတွေကို အုပ်စုဖွဲ့  မုဒိန်းကျင့် သတ်ဖြတ်မှုတွေ အများဆုံးဖြစ်နေကြောင်း အွန်လိုင်းတွေမှာ ဖေါ်ပြလာတာကြောင့် ငရဲသားကျွန်းကို ၀င်ရောက်ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။

ပြစ်မှုမျိုးစုံ ကျူးလွန်ထားတဲ့ တရားခံတွေနဲ့ အတူ သက်သေခံ မူးယစ်ဆေးဝါးတွေ- တရားမ၀င်ရောင်းချနေ တဲ့ ကုန်ပစ္စည်းတွေနဲ့ အတူ ကာမဆိုင်ရာ လိင်စိတ်ကြွဆေးတွေ ပါ ဖမ်းဆီးမိခဲ့ကြောင်းသိရပါတယ်။

SAW
Photo Baydarlinn
https://www.facebook.com/Social-Action-for-Women-SAW
ထိုင်းမြန်မာနယ်စပ်က "ရေလယ်ငရဲကျွန်း "အား ပူးပေါင်းတပ်ဖွဲ့ များက ရှင်းလင်းဖမ်းဆီး  ထိုင်းမြန်မာနယ်စပ်က "ရေလယ်ငရဲကျွန်း "အား ပူးပေါင်းတပ်ဖွဲ့ များက ရှင်းလင်းဖမ်းဆီး Reviewed by THITHTOOLWIN on 19:43 Rating: 5
Powered by Blogger.