ပုဂံမှာ ကျပ်တစ်သောင်းတန် ငွေအတုကိုးရွက် ဖမ်းမိ ကွင်းဆက်တရားခံ ဖမ်းဆီး နိုင်ရေး ဆောင်ရွက်နေ


ပုဂံမြို့မှာ ဧပြီ (၃၀)ရက်နေ့က အထင်ကရ ဘုရားတွေရှိတဲ့ ဈေးဆိုင်တန်းတွေမှာ အမျိုးသမီးတစ်ဦး ငွေ အတုလို့ ယူဆရတဲ့ ကျပ်တစ်သောင်းတန် သုံးစွဲဝယ် ယူနေတာကို ဈေးသည်တွေရဲ့ သတင်းပေးချက်အရ စစ်ဆေးရာ ငွေအတုတွေ ဖမ်းဆီးရမိခဲ့တာကြောင့် ပုဂံနယ်မြေ ရဲစခန်းက ဆိုပါတယ် ။
 '' ဈေးသည်တွေက အကြောင်းကြားလာလို့ လှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာဖွယ် အမျိုးသမီးကို စစ်ဆေးခဲ့တာပါ။ သူကို ဖမ်းဆီးစဉ်က လက်ထဲမှ ကျပ် တစ်သောင်းတန် ငွေအတု နှစ်ရွက် သိမ်းဆည်းရမိခဲ့ပါတယ်။ တိုင်းမှုခင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ တရားခံ ငွေအတု ပြုလုပ်ခဲ့တဲ့ စက်နဲ့ ပစ္စည်းတွေကို မေ(၁)ရက်နေ့က သိမ်းဆည်းရမိခဲ့ပြီလေ ''လို့ ပုဂံနယ်မြေရဲစခန်းရဲ့ ဒုရဲအုပ် သန်းဇော်ဦးက 5 PLUS ကိုပြောပါတယ် ။


 ဖြစ်စဉ်မှာ ဧပြီ(၃၀)ရက် နေ့လည် (၁) နာရီခွဲက ဒုရဲအုပ် သန်းဇော်ဦး။ ရဲတပ်သား ထွန်းနိုင်ဦး။ ရဲတပ်သား ထွန်းနိုင်အောင်။ ရဲတပ်သား တင်ထွန်းအောင်။ ရဲတပ်သား ထက်ဝေယံဇော် လှည့်ကင်း ဆောင်ရွက်နေစဉ် သတင်းအရ မင်္သကာဖွယ် အမျိုးသမီး မညိုညိုမာကို ဈေးဆိုင်တစ်ခုမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
 '' ပုံမှန် ဈေးဝယ်တစ်ဦးအတိုင်း ဝယ်နေတာပါပဲ။ တီဗီ သတင်းစာတွေက ဖတ်ထားတော့ ငွေအတုဆိုတာ သိတာပါ။ သူ ငွေပေးတဲ့အချိန် သိလို့ ပြန်လဲခိုင်းတော့ သူက ပြန်လည်ပေးပြီး အခြားဆိုင်တွေကို လိုက်ဝေနေတာ တွေ့လို့ မသင်္ကာလို့ ရဲကို အကြောင်းကြားခဲ့တာပါ '' လို့ ပုဂံမြို့ခံ ဈေးသည်တစ်ဦးကပြောပါတယ်။

ပုဂံမြို့ လုံခြုံရေးအတွက် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ အင်အား(၂၀) ကျော်နဲ့ နေ့/ည လှည့်ကင်းဆောင်ရွက်နေပြီး Police box တွေ ချထားကာ ပြည်သူတွေ နဲ့ ခရီးသွားတွေအတွက် ကူညီဆောင်ရွက်ပေး နေတယ်လို့ သိရပါတယ်။

ဧပြီ(၃၀)ရက် ညနေပိုင်းက ပုဂံနယ်မြေရဲစခန်းမှာ ဒုရဲအုပ် သန်းဇော်ဦးက တရားလို ပြုလုပ်ပြီး ((ပ)၁၇/၂၀၁၆) မြန်မာနိုင်ငံ ဗဟိုဘဏ် ဥပဒေပုဒ်မ (၁၀၅/၁၀၆) နဲ့ အမှုဖွင့်ထားပြီး မန္တလေးတိုင်းဒေသကြီး မှုခင်းရဲတပ်ဖွဲ့ နဲ့ ပူးပေါင်းပြီး အမှုဆက်လက် စစ်ဆေးကာ ဖော်ထုတ်သွာမှာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်းစာသား/ဓာတ်ပုံ ............ ရဲရင့်မာန် (5 PLUS NEWS)

5 Plus News
https://www.facebook.com/5-Plus-News
ပုဂံမှာ ကျပ်တစ်သောင်းတန် ငွေအတုကိုးရွက် ဖမ်းမိ ကွင်းဆက်တရားခံ ဖမ်းဆီး နိုင်ရေး ဆောင်ရွက်နေ  ပုဂံမှာ ကျပ်တစ်သောင်းတန် ငွေအတုကိုးရွက် ဖမ်းမိ ကွင်းဆက်တရားခံ ဖမ်းဆီး နိုင်ရေး ဆောင်ရွက်နေ Reviewed by THITHTOOLWIN on 04:35 Rating: 5
Powered by Blogger.