မုန်တိုင်းကြောင့် ရခိုင်တွင် ရေယာဉ်များ သွားလာမှု ရပ်ဆိုင်း

(စစ်တွေမြို့ ဆတ်ရိုးကျ ဆိပ်ကမ်းကို ယနေ့ မြင်တွေ့ရစဉ်)
နိရဉ္စရာ၊ မေ ၂၀

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းသွား သင်္ဘောများ၊ အမြန်ရေယာဉ်များ ပြေးဆွဲမှုကို ရပ်ဆိုင်းလိုက်ပြီဟု သိရသည်။

ရွှေပြည်တန် အမြန်ယာဉ်အား ယနေ့ မေလ ၂၀ ရက်နေ့က စပြီး ရပ်နားလိုက်ပြီ ဖြစ်ကြောင်း မာန်နေဂျာ ဦးစံမော်သိန်းက နိရဉ္စရာသို့ ပြောသည်။

“ ရေယာဉ်တွေ မထွက်ရဘူးလို့ ညွှန်ကြားချက် ထုတ်တာတော့ မရှိပါဘူး။ ဒါပေမယ့် ရေကြောင်း ဦးစီးကတော့ သတိပေးမှုတွေ ရှိတယ်။ ဒီကနေ့ စပြီး ကျွန်တော်တို့ ရွှေပြည်တန် အမြန်ယာဉ် ပြေးဆွဲမှုကို ရပ်နားထားလိုက်ပါတယ်။ ရာသီဥတုပြန်ကောင်းမှ ပြေးဆွဲမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

(စစ်တွေမြို့ ဆတ်ရိုးကျ ဆိပ်ကမ်းကို ယနေ့ မြင်တွေ့ရစဉ်)
အမြန်ရေယာဉ်များအနေဖြင့် တစ်နာရီ မိုင် လေးဆယ်ကျော်လျင် သင်္ဘောမျာ အနေဖြင့် ခရီးစဉ်များ ပြေးဆွဲမှုကို ရပ်နားထားရကြောင်း ပြောဆိုသည်။

ယနေ့နံနက်က မလိခ အမြန်ယာဉ် တစ်စီး ယနေ့နံနက် ပေါက်တောမြို့မှ စစ်တွေသို့ အ၀င်ရှိပြီးနောက် တစ်ခြား ခရီးစဉ်များ အားလုံးကို ယနေ့ နေ့လယ်က စပြီး မလိခ အနေဖြင့် ရပ်နားတော့မည်ဟု မိလခ ဆိပ်ကမ်းတာဝန်ခံ ခင်မောင်သိန်းက ပြောဆိုသည်။

(စစ်တွေမြို့ ဆတ်ရိုးကျ ဆိပ်ကမ်းကို ယနေ့ မြင်တွေ့ရစဉ်)
ရက္ခိတ အားမာန် တာဝန်ယူ လုပ်ကိုင်နေသော အောင်တံခွန် သင်္ဘောနှစ်စီး ယနေ့ ဘူးသီးတောင်နှင့် မြောက်ဦးသို့ ထွက်ခွာသွားပြီး မနက်ဖြန် မေလ ၂၁ ရက်နေ့က စပြီး ခရီးစဉ် ပြေးဆွဲမှု ရပ်ဆိုင်း ဖြစ်ကြောင်း သင်္ဘောလုပ်ငန်းကို တာဝန်ယူ လုပ်ဆောင်နေသော ရက္ခိတ အားမာန် ကုမ္ပဏီ ကိုလင်းလင်းက ပြောသည်။

ရခိုင်ပြည်နယ် အတွင်း မုန်တိုင်း အရှိန်ကြောင့် လေပြင်းတိုက်ခတ်မှုများနှင့် မိုးအဆက်မပြတ်ရွာသွန်းနေပြီး အများပြည်သူများမှာ မုန်တိုင်း အခြေအနေကို စောင့်ကြည့်နေကြသည်ဟု သိရသည်။

ရွှေရအောင် (တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
မုန်တိုင်းကြောင့် ရခိုင်တွင် ရေယာဉ်များ သွားလာမှု ရပ်ဆိုင်း  မုန်တိုင်းကြောင့် ရခိုင်တွင် ရေယာဉ်များ သွားလာမှု ရပ်ဆိုင်း Reviewed by THITHTOOLWIN on 16:48 Rating: 5
Powered by Blogger.