စဥ့်ကိုင်မြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား


 စဥ့်ကိုင်မြို့နယ်၊ စဥ့်တွင်းကျေးရွာတွင် မီးကြွင်းမီးကျန်မှ အနီးရှိဝါးထရံသို့ ကူးစက်ပြီး နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား

စဥ့်ကိုင် မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ် သပြေရိုးကျေးရွာအုပ်စု၊ စဥ့်တွင်းကျေးရွာ တွင် မေ ၁၀ ရက်၊ ညနေ ၃နာရီ ၁၅ မိနစ်က မီးကြွင်းမီးကျန်မှ အနီးရှိ ၀ါးထရံသို့ကူးစက်ပြီး မီးလောင်ကျွမ်း မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ စဥ့်ကိုင်မြို့နယ် သပြေရိုးကျေးရွာအုပ်စု၊ စဥ့်တွင်းကျေးရွာ တွင်နေထိုင် သူ ဦးတင်မြင့်(၆၀)နှစ် (ဘ) ဦးထိုက် တောင်သူ လုပ်ငန်းလုပ်ကိုင်သူ သည် ရုံးပတေသီး၊ ငရုပ်သီးများခူးရန်အတွက် လယ်တောသို့သွားရောက်နေစဉ် မီးကြွင်း မီးကျန်မှ အနီးရှိဝါးထရံ သို့ကူးစက်ပြီး အလျား၁၅ပေ၊ အနံ၁၀ပေရှိ သက်ကယ်မိုး၊ ထရံ ကာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းရာသို့ စဥ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ် မီးသတ် ဦးစီးမှူး ဦးကျော်ဇေယျနှင့် သန္ဓေအရံ မီးသတ် တပ်ဖွဲ့ဝင်(၃၁)ဦး၊ မီးသတ်ကား (၃)စီးနှင့် သပြေရိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမြင့် ကျေးရွာပြည်သူ များ ၀ိုင်းဝန်းမီးငြိမ်း သတ်မှုကြောင့် ညနေ၃နာရီ ၂၅မိနစ် ခန့် တွင် မီးငြိမ်းသတ်နိုင်ခဲ့ရာ ဖြစ်စဉ်နှင့်ပတ်သက်၍ စဥ့်ကိုင်မြို့ မြို့မရဲစခန်းမှ စဥ့်တွင်းကျေးရွာနေထိုင်သူ ဦးတင်မြင့်အား ပုဒ်မ -၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

တင်တင်ထွေး(စဥ့်ကိုင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
စဥ့်ကိုင်မြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား  စဥ့်ကိုင်မြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 16:30 Rating: 5
Powered by Blogger.