ပြင်ဦးလွင်မြို့တွင် မီးလောင်မှုဖြစ်ပွား


ပြင်ဦးလွင် မေ ၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၁၆ ခုနှစ်၊ မေလ ၉ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်က ရပ်ကွက်ကြီး (၃)၊ (၉) ကွက်၊ ရွှေဘုံသာလမ်းရှိ ဦးဝင်းမောင်၊ အိမ်အမှတ် (၅၃/၁၀၆) နေ သွပ်မိုး/ အုတ်ကာ၊ နှစ်ထပ်တိုက် (စိန်ခြယ်ဂက်စ်ဖြည့်ဆိုင်)မှ မီးစတင်လောင်ကျွမ်းခဲ့ရာ ၄င်းအိမ်နှင့် ဘေးကပ်လျှက်ရှိသည့် ဒေါ်နန်းဝေကြည် နေသည့် သွပ်မိုး/အုတ်ကာ၊ နှစ်ထပ်တိုက် (ဆွယ်တာဆိုင်)အား မီးကူးစက် လောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းသည့်နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုး၊ ရဲမှုး မောင်မောင်ဇော်၊ ဒုရဲမှူး ကျော်ဝင်း ၊ ခရိုင်/မြို့နယ်/ရဲစခန်းမှ ရဲတပ်ဖွဲ့ ၀င် (၇၀) ဦး ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးလှမင်းနှင့် မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦး ၊ ရပ်ကွက်ကြီး (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဖုန်းဦးနှင့် ရပ်ကွက်/သားများ၊ စုစုပေါင်းအင်အား (၃၀၀) ဦးခန့်၊ မီးသတ်ယာဉ် (၅)စီးဖြင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း သတင်း ရရှိသည်။

ဇော်မျိုးထိုက် (ပြင်ဦးလွင် )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပြင်ဦးလွင်မြို့တွင် မီးလောင်မှုဖြစ်ပွား  ပြင်ဦးလွင်မြို့တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:28 Rating: 5
Powered by Blogger.