အိမ်သာခွက်ထဲမြွေမ၀င်ရန် ကာကွယ်တားဆီးနည်း


ယ္ခုခေတ်မှာ မြွှေခိုရာတော မြွှေအစားအစာရှာရာတောတွေကို မြို့ရွာတွေဖြစ်ကုန်ပြီမို့ မြွှေများကဘေးအန္တရာယ်တိမ်းရှောင်တဲ့အနေနဲ့ လူတွေရဲ့အိမ်တွင်း အိမ်သာတွင်း အိမ်သာပိုက်လုံးအတွင်း ရေပိုက်လုံးအတွင်းစသည့်ဝင်ရောက်ခိုနား အစားအစာရှာစားနေကြရပါတယ်၊ ကြွက်များ အိမ်မွေးတိရစ္ဆာန်ကြက်ငှက်များ စသည့်ရှာစားတတ်ပါတယ်၊ အထူးသဖြင့် စပါးအုံးမြွှေ မြွှေဟောက် မြွေစိမ်းစသည်တို့ဖြစ်ကြပါတယ်၊ မိုးတွင်းမှာဆိုရင်ပိုပြီးဝင်ရောက်လာတတ်ကြပါတယ်လို့ မြွေဆိုင်ရာတိရစ္ဆာန်ကုဆရာဝန်ဒေါက်တာထတ်ဆ ဝေဆာရချဖုံကပြောပါတယ်။

မနေ့မေလ ၂၅ရက်နေ့ နံနက် ၆း၃၀အချိန်ခန့်တွင် ထိုင်းနိုင်ငံချချုံစောင်ခရိုင် ဗန်ပါကုံမြို့ ဗန်ဝိုရပ်ကွက်မှာ ထိုင်းအမျိုးသားတစ်ဦး မစ်စတာအတ်ထဖောင်အသက် ၃၈နှစ်ဆိုသူက အိမ်သာတက်မစင်စွန့်နေရင်း အမျိုးသားလိင်အင်္ဂါထိပ်ကိုမြွေကိုက်ခံရ၍ သွေးထွက်သံယိုဖြစ်ခဲ့မှုကို လူတွေကထိန့်လန့်စေခဲ့ပါတယ်။ အိမ်တိုင်းမှာ အချိန်မရွေး မြွေတွားဝင်သွားနိုင်ပါတယ်။

 ထို့ကြောင့်မြွေမ၀င်ရောက်နိုင်ရန် ကာကွယ်တဲ့အနေနဲ့ မြွေအစားအစာများဖြစ်သော ကြွက်များ အိမ်မွေးတိရစ္ဆာန်ကြက်ငှက်များကိုရှင်းထုတ်ပြီး ယိုယွင်းပျက်စီးအပေါက်ရှိနေသောအိမ်နှင့်အိမ်သာများပြန်လည်မွမ်းမံပြီး အပေါက်များလိုက်ဖာပါ။ မြွှေခိုအောင်းတတ်သည့်နေရာကိုရှင်းလင်းရပါတယ်။

 မြွေတွေက အဆိပ်ရှိမြွေနဲ့အဆိပ်မရှိမြွေ၂မျိုးရှိပါတယ် အဆိပ်ရှိမွေတွေ့ရှိပါက ဖမ်းဖို့မကြိုးစားပါနဲ့ မြွေကိုက်လို့အသက်အန္တရာယ်အထိရင်ဆိုင်ရတတ်ပါတယ်။ မြွေအိမ်တွင်းအိမ်သာတွင်းဝင်ရောက်နေတာတွေ့ရှိပါက အရေးပေါ်ကယ်ဆယ်ရေးဖုန်းနံပါတ် ၁၉၉ သို့မဟုတ် ဘန်ကောက်အတွက် ၁၅၅၅ ကို ဖုန်းထိုးပြီးအကူအညီတောင်းပါ။ တာဝန်ရှိတွေလာရောက်ဖမ်းဆီးပေးမယ်လို့သိရပါတယ်။

 အိမ်သာအတွက်ဆိုရင် အိမ်သာအတွင်းဘက်ပိုက်လုံးထိပ်ပေါက်နှင့် အိပ်သာအပြင်ဘက်ပိုက်လုံးအစွန်ပေါက်ကိုဇကာဖြင့်ကာထားပါ။ အိမ်သာတက်လျှင်မီးဖွင့်ပါ မြွေထွက်ပြေးအောင်အသံပေးပါ။ အိမ်သာခွက်ကို
အရင်ခေါက်ကြည့်ပါ ရေအရင်လောင်းကြည့်ပါ ခွက်အတွင်းပိုင်းကိုအရင်ချောင်းကြည့်ပါ။ အနံ့အသက်ပျောက်စေသောဓာတုဆေးကိုမကြာမကြာ လောင်းထည့်ပေးပါလို့ ဆရာဝန်ကညွန်ကြားထားပါတယ်ခင်ဗျား။

MTF Channel
https://www.facebook.com/mtftv

အိမ်သာခွက်ထဲမြွေမ၀င်ရန် ကာကွယ်တားဆီးနည်း   အိမ်သာခွက်ထဲမြွေမ၀င်ရန် ကာကွယ်တားဆီးနည်း Reviewed by THITHTOOLWIN on 17:22 Rating: 5
Powered by Blogger.