မရမ်းကုန်းတွင် အုပ်စုလိုက် ရိုက်ပွဲဖြစ်


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သမိုင်း ၁ ရပ်ကွက် ၅ လမ်းတွင် ယနေ့မေ ၂၆ ရက် ည ၈ နာရီခွဲခန့်က အုပ်စုလိုက်ရိုက်နှုက်မှုတခု ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ အမျိုးသားတစ်ဦးအား အမည်မသိ အမျိုးသား ၅ ဦးမှ တုတ်များဖြင့်လိုက်ရိုက်ပြီး အမျိုးသားမှာ အနီးရှိ ပန်ပန်ဆံပင်ညှပ်ဆိုင်သို့ဝင်ပြေးခဲ့သည်။


ဆံပင်ညှပ်ဆိုင်ပိုင်ရှင်မှ တံခါးအား ပိတ်လိုက်ရာ တံခါးပိတ်လိုက်သဖြင့် အမည်မသိအမျိုးသား ၅ ဦးမှာ ဆိုင်၏မှန်များကို ရိုက်ခွဲ၍ ထွက်သွားကြောင်း အဆိုပါရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

ယခုအခါ ဒဏ်ရာရရှိသည့်အမျိုးသားအား ဆေးရုံသို့တင်ပို့ထားပြီး အခင်းဖြစ်နေရာသို့ စခန်းမှူးမှ သွားရောက်စစ်ဆေးနေကြောင်း ဘုရင့်နောင်ရဲစခန်းမှ တာဝန်ကျအရာရှိတစ်ဦးကပြောသည်။

ဓာတ်ပုံ မြတ်ဆု
Myanmar Citizen News Agency
မရမ်းကုန်းတွင် အုပ်စုလိုက် ရိုက်ပွဲဖြစ်  မရမ်းကုန်းတွင် အုပ်စုလိုက် ရိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.