အစိုးရတပ်မှ ရှမ်းမြောက် မန်ပင်းရွာ ကို မီးရှို့


ရှမ်းပြည်နယ်မြောက်ပိုင်း ဖာင်းဆိုင်ကျေးရွာ (Hpawng Seng) အနီး မန်ပင်းရွာ (Man Ping) ကို မေ ၂၂၊ ယနေ့ ညနေ ၅ နာရီခွဲခန့် အစိုးရတပ်မှ မီးရှို့ခဲ့ကြောင်း သိရပါသည်။

မုန်းကို (Munggu) ဘက်မှ တက်လာသော ယင်း အစိုးရ စစ်ကြောင်းနှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ အောက် တပ်ရင်း (၃၈) ကြား ရွာအနီး မွန်းလွဲပိုင်း ၃ နာရီခွဲခန့်မှစပြီး တိုက်ပွဲ ပြင်းထန်ခဲ့ရာ အစိုးရတပ် ဘက် အထိနာသဖြင့် ယခုလို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း KIA တပ်မဟာ ၆ အရာရှိတဦး ကချင်သတင်းဌာန KNG ကိုပြောပါသည်။

ညနေ ၅ နာရီခွဲမှ ရှို့ခံရသော မန်ပင်းရွာ (Man Ping) တွင် ည ၉ နာရီခန့် အထိ မီး မငြိမ်းသေးဘဲ လောင်နေသေးကြောင်း သူက ဆက်ဆိုသည်။

မန်ပင်းရွာ (Man Ping) သည် KIA တပ်ရင်း ၃၈ နယ်မြေဖြစ်ပြီး တရုတ်နယ်စပ် အနီး ကချင်လူမျိုးများ သီးသန့် နေထိုင်ပြီး အိမ်ခြေ ၃၀ ကျော်ခန့်ရှိသော ရွာတစ်ရွာဖြစ်ပါသည်။

ရွာအနီး နယ်စပ်ဘက်တွင် တရုတ်တပ်ဖွဲ့များ ရှိနေသောကြောင့် စစ်ပြေးဒုက္ခသည်များမှာ တစ်ဖက်သို့ မကူးနိုင်ဘဲ အဆင်ပြေသည့် အနီးနားနေရာများတွင်သာ တိမ်းရှောင်နေရကြောင်း KIA တပ်မဟာ ၆ အရာရှိက ဆက်ပြောခဲ့ပါသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ၂၁ ရာစု ပင်လုံညီလာခံကို လာမည့် ဇူလိုင်လ အတွင်း ပြုလုပ်နိုင်ရန် ကြိုးပမ်းနေချိန် တစ်ဖက်တွင်လည်း အစိုးရတပ်က နိုင်ငံရေးဆွေးနွေးရန် စောင့်ဆိုင်းနေသည့် ကချင် လွတ်လပ်ရေး အဖွဲ့ KIO/KIA ကို ပြီးခဲ့သည့် ဧပြီလမှ လေကြောင်း အကူအညီဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ အရှိန်မြှင့် ပြုလုပ်နေပါသည်။

Kachinnews
http://burmese.kachinnews.com/
အစိုးရတပ်မှ ရှမ်းမြောက် မန်ပင်းရွာ ကို မီးရှို့  အစိုးရတပ်မှ ရှမ်းမြောက် မန်ပင်းရွာ ကို မီးရှို့ Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.