ရခိုင်ရိုးမဖြတ်လမ်းတွင် ရိုးမမန္တလာ ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်

မကွေးတိုင်း ဒေသကြီး ငဖဲမြို့နယ် ဂုတ်ကြီးရွာအနီး ရခိုင်ရိုးမဖြတ်လမ်းမှာ မေလ (၂၀) ရက်နေ့ နံနက်ပိုင်းက ရိုးမမန္တလာ မန်းလေး - စစ်တွေ ခရီးသည်တင်ယာဉ်  ချောက်ထဲထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် (၃၀)ကျော်အနက် ၁ ဦး သေဆုံးသွားပြီး ခရီးသည် အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ ခရီးသည်များကို ဒေသခံပြည်သူတွေနဲ့ ငဖဲမြို့ နယ် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လူနာတွေကို အမြန်ဆုံးဆေးဝါးကုသနိုင်အောင် စီစဉ်ပေးခဲ့ကြောင်း သိရပါတယ်။

ဓါတ်ပုံ - ရိုးမစံခမောက်

by သစ်ထူးလွင်







ရခိုင်ရိုးမဖြတ်လမ်းတွင် ရိုးမမန္တလာ ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်  ရခိုင်ရိုးမဖြတ်လမ်းတွင် ရိုးမမန္တလာ ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျတိမ်းမှောက် Reviewed by THITHTOOLWIN on 17:20 Rating: 5
Powered by Blogger.