ကျေးရွာပေါင်း ၇၀၀ မှာ ရေပြတ်လပ်မှုနဲ့ ကြုံတွေ့နေရ


တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့နယ် ၁၃၀ နီးပါးထဲမှာပါဝင်တဲ့ ကျေးရွာပေါင်း ၇၀၀ ကျော်မှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပြောပါတယ်။

အဲ့ဒီအထဲက မန္တလေးတိုင်းဒေသကြီးက ကျေးရွာတွေမှာ ရေပြတ်လပ်မှု အဆိုးဆုံးဖြစ်နေကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူအောင် က ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးထဲက ရေရှားပါးနေတဲ့ ကျေးရွာပေါင်း တစ်ရာကျော်ထဲမှာ ဝေါ၊ က၀၊ သနပ်ပင်၊ ပန်းတောင်းနဲ့ ပေါက်ခေါင်း မြို့နယ်တွေမှာ အဆိုးဆုံး ကြုံတွေ့နေရတယ်လို့ ပဲခူးတိုင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းလွင် က ပြောပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြီးခဲ့တဲ့ မတ်လကနေ မေလကုန်အထိ တစ်နိုင်ငံလုံးမှာ မြို့နယ် ပေါင်း ၁၇၀ ကျော်က ကျေးရွာပေါင်း ၁၇၀၀ ကျော်မှာ ရေပြတ်လပ်မှု ကြုံတွေ့ရနိုင်တယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က တစ်နိုင်ငံလုံးမှာ မြို့နယ် ၅၉ မြို့နယ်က ကျေးရွာပေါင်း ၄၆၄ ရွာမှာ ရေပြတ်လပ်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
ကျေးရွာပေါင်း ၇၀၀ မှာ ရေပြတ်လပ်မှုနဲ့ ကြုံတွေ့နေရ  ကျေးရွာပေါင်း ၇၀၀ မှာ ရေပြတ်လပ်မှုနဲ့ ကြုံတွေ့နေရ Reviewed by THITHTOOLWIN on 18:28 Rating: 5
Powered by Blogger.