မိုးညှင်းမြို့နယ် မော်ဟန်ဒေသတွင် လူသတ်မှုဖြစ်ပွား

၂၄-၅-၂၀၁၆နေ့ တောတွင်းတနေရာ၌ လူသေအလောင်းတွေရှိပြီး အလောင်းမှာ ဓားဒဏ်ရာများနှင့်သေဆုံးနေပုံ။ ဓါတ်ပုံ - facebook
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ဒေသတွင် အသက် ၁၉ နှစ် အရွယ်လူငယ်တစ်ဦးအား ရက်စက်စွာ သတ်ဖြတ်ခံထားရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မေလ (၂၄)ရက်နေ့ မွန်းလွဲ ၁ နာရီတွင် မော်ဟန်ရဲကင်းစခန်းမှူး ရဲအုပ် သိန်းဇော်သည် စခန်းမှူးတာဝန် ထမ်းဆောင်နေစဉ် မော်ဟန်ကျေးရွာ၏ အနောက်တောင်ဘက် သုံးမိုင်ခန့်အကွာတွင်ရှိသော သစ် တောကြိုးဝိုင်း၊ မော်ဟန်-နမ္မချီ မှော်သွားကားလမ်းဘေးတွင် လူတစ်ဦးသေဆုံးနေကြောင်း သိရ သဖြင့် မော်ဟန်ရဲကင်း စခန်းမှူး ရဲအုပ်သိန်းဇော်နှင့်တပ်ဖွဲ့ဝင်များသည် မော်ဟန်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးဆန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ခွဲမှူး ဦးအောင်စိုးသိန်း၊ အရန်မီးသတ် တပ်စုမှူးဦးခင်မောင်ကျော်တို့နှင့် အတူ အခင်းဖြစ်ပွားနေရာသို့ သွားရောက်ခဲ့ကြသည်။

၂၄-၅-၂၀၁၆နေ့ တောတွင်းတနေရာ၌ လူသေအလောင်းတွေရှိပြီး အလောင်းမှာ ဓားဒဏ်ရာများနှင့်သေဆုံးနေပုံ။ ဓါတ်ပုံ - facebook
သေဆုံးသူ၏ ခန္ဓာကိုယ်အား စစ်ဆေးကြည့်ရာ ယာဘက်မေးစေ့ အောက်တွင် လေးလက်မခန့် ပြတ် ရှဒဏ်ရာ တစ်ချက်၊ လည်စလုတ် တွင် လေးလက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာဘက်လည်ပင်း ဘေး ပြတ်ရှ ဒဏ်ရာတစ်ချက်၊ ယာဘက်လက်ဖျံတွင် နှစ်လက်မ ရွယ် ထုတ်ချင်းပေါက်ဒဏ်ရာ တစ်ချက်၊ ယာဘက်နို့အုံအောက်တွင် တစ်လက်မခန့် ထိုးသွင်း ဒဏ်ရာတစ်ချက်၊ နောက်ကျော တွင် နှစ်လက်မခန့် ထိုးသွင်းဒဏ် ရာနှစ်ချက်၊ ဝဲဘက်လက်ကောက် ဝတ်တွင် နှစ်လက်မခန့် ပြတ်ရှ ဒဏ်ရာတစ်ချက်တို့ရရှိကာ ပက် လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

ထို့နောက် ရဲအုပ်သိန်းဇော်က အခင်းဖြစ်နေရာကို မြေပုံကြမ်း ရေးဆွဲခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက် ကူးခြင်း၊ သက်သေခံပစ္စည်းသိမ်း ဆည်းခြင်း၊ ပတ်ဝန်းကျင်သဲလွန်စ ရှာဖွေခြင်းတို့ဆောင်ရွက်ကာ သေ ဆုံးသူ၏အလောင်းအား ရဲဆေးစာ ဖြင့် မိုးညှင်းခရိုင်ဆေးရုံကြီးသို့ တင်ပို့ခဲ့သည်။

သေဆုံးသူမှာ မိုးညှင်းမြို့ ရေ လည်ကျွန်းရပ်ကွက်နေ ဦးစိုးဝင်း မြင့်၏ သားဖြစ်သူ မောင်သော်ဇင် ထွန်း (၁၉နှစ်)ဖြစ်ကြောင်းသိရပြီး သေဆုံးသူနှင့်ပတ်သက်၍ မြို့မ ရဲစခန်း(မိုးညှင်း)က (ပ)၆၂/ ၂ဝ၁၆ ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် ကာ အမှုမှန်အမြန်ပေါ်ပေါက်စေ ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကချင်မြေနဂါး
The Union Daily
https://www.facebook.com/uniondaily.net
မိုးညှင်းမြို့နယ် မော်ဟန်ဒေသတွင် လူသတ်မှုဖြစ်ပွား  မိုးညှင်းမြို့နယ် မော်ဟန်ဒေသတွင် လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:39 Rating: 5
Powered by Blogger.